Internet ကိုအဓိကအသုံးပြုလုပ်ကိုင်နေတဲ့သူတွေအတွက် လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့ရတတ်တဲ့ “Motivate မဖြစ်ဘူး” ဆိုတဲ့ကိစ္စကို Browser ပေါ်မှာပဲ ဖြေရှင်းသွားနိုင်မယ့် Website တွေကို ဖော်ပြပေးသွားပါမယ်။ သတိထားရမယ့် အချက်တစ်ချက်ကတော့ ဒီ Website တွေက Entertain လုပ်နိုင်ရုံလောက်ပဲရှိတဲ့အတွက် မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို လုပ်ငန်းခွင် မကုန်ဆုံးသွားစေဖို့ကိုတော့ သတိထားပြီး သုံးဖို့လိုအပ်ပါတယ်။

 

Hacker Typer

Hacker တွေဘယ်လို Hacking Code တွေနဲ့လုပ်တယ်ဆိုတာကို တွေ့ဖူးကြမှာပါ။ ဒီ Website ကိုဝင်လိုက်ရင်တော့ Black Screen နဲ့ စာလုံး အစိမ်းရောင်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ မိတ်ဆွေရိုက်လိုက်တဲ့ Typing တိုင်းမှာ Random Word တွေထွက်လာပြီး ကိုယ့်ကိုကိုယ် Hacker တစ်ယောက်လို ခံစားသွားစေရမယ့် အပျော် Entertainment လုပ်နိုင်ပါတယ်။ မိတ်ဆွေလုပ်ငန်းခွင်မှာ ငြီးငွေ့လာတာပဲ ဖြစ်ဖြစ် စိတ်မကြည်တာပဲဖြစ်ဖြစ် ဆိုရင်တော့ ဒီ Website မှာဝင်ပြီး စိတ်ပြေလက်ပျောက် နေနိုင်ပါတယ်။ ဒါပေမဲ့ အပေါ်မှာ ပြောထားသလို အချိန်ကိုတော့ သတိထားပေးဖို့ ထပ်မံ သတိပေးချင်ပါသေးတယ်။

 

The Faces Of Facebook

ဒီ Website ထဲကို မိတ်ဆွေဝင်လိုက်မယ်ဆိုရင်တော့ 1.2 Billion ကျော်တဲ့ User တွေရဲ့ Facebook Profile Face တွေက သင့်ကို ကြည့်နေတဲ့ပုံစံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စစဝင်ခြင်းမှာ အမှုန်တွေပြည့်နေတဲ့ Screen ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအစက်တွေကို Mouse Scroll ဆွဲပြီးကြည့်လိုက်ရင်တော့ အပေါ်ကပြောခဲ့တဲ့ Facebook Profile Face တွေကိုတွေ့ရပါတယ်။ မိတ်ဆွေရဲ့လုပ်ငန်းခွင်မှာ ပျောက်ဆုံးနေတဲ့ Motivation တွေကို ဒီ Website မှာဝင်ပြီး Active ဖြစ်အောင် ပြန်လုပ်နိုင်ပါတယ်။

 

Weave Skin

တခါတလေ လုပ်ငန်းခွင်မှာ စိတ်အားတက်ကြွမှုမရှိပဲနဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်နေတတ်တဲ့ အခိုက်အတန့်တွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒါဆိုရင်တော့ ဒီ Website ထဲကိုဝင်ပြီး မိတ်ဆွေရဲ့ စိတ်အားတက်ကြွမှုတွေ ပြန်ရဖို့အတွက်ဆိုရင် ဆန်ပြားတဲ့ Graphic Design တွေကို Mouse တစ်ခုထဲသုံးပြီး ဆွဲကြည့်လို့ ရပါတယ်။ ပြီးတော့အဲ့ဒီ Website မှာ သင်ဆွဲထားတဲ့ Graphic တွေကို Save လုပ်နိုင်တဲ့အတွက် Background တွေဘာတွေကိုလည်း မိတ်ဆွေစိတ်ကြိုက်ထားနိုင်ပါသေးတယ်။

 

Incredi Box

ဒီ Website မှာဆိုရင်တော့ ကိုယ်ပိုင် Mix ဖန်တီးနိုင်ဖို့ Feature တွေပါဝင်ပါတယ်။ ကိုယ်လုပ်ထားတဲ့ Mix ကိုလည်း Website User တွေနဲ့ Sharing လုပ်နိုင်ပါသေးတယ်။ အခြား Social Media တွေပေါ်ကိုလည်း Sharing လုပ်နိုင်ပါသေးတယ်။ ဆန်းပြားတဲ့ Mix တွေကို ဖန်တီးပြီး သင့်ရဲ့ စိတ်ကို Actives ဖြစ်အောင်လုပ်နိုင်တဲ့ Website ဖြစ်တဲ့အတွက် ဝင်ရောက်ဆန်းသပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

 

အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ Website တွေက မိတ်ဆွေရဲ့ လုပ်ငန်းခွင်ထဲ ဖြစ်ပေါ်နေတဲ့ စိတ်အားမထက်သန်မှုတွေကို ကုစားပေးနိုင်မယ့် Website တွေဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာဖြစ်တဲ့ အတွက် ဒီ Website တွေမှာ အချိန် အများကြီးပေးပြီး အသုံးမပြုဖို့ အတွက်ကိုတော့ သတိထားဖို့ လိုအပ်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

Leave a Reply

social sharing buttons