logo
myanmar
သုံးရတာအဆင်ပြေစေမယ့် Note Taking App (၃) ခု

သုံးရတာအဆင်ပြေစေမယ့် Note Taking App (၃) ခု

30 Jul 2021

လုပ်ငန်းခွင်ထဲမှာ Productive ဖြစ်ဖြစ်နဲ့ အကောင်းဆုံး လုပ်ကိုင်နိုင်ဖို့ဆိုရင် Note မှတ်ထားတတ်တဲ့ အလေ့အကျင့်လည်း လိုအပ်ပါတယ်။ အရေးကြီးတဲ့ အကြောင်းအရာတွေ အချက်အလက်တွေကို နေရာ သတ်သတ်မှတ်မှတ် သိမ်းထားမယ်ဆိုရင် လိုအပ်တဲ့ အချိန်မှာ လိုသလို အသုံးပြုနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ကဲဒါကြောင့်…မိတ်ဆွေတို့အတွက် အသုံးဝင်နိုင်စေမယ့် Note Taking App တချို့ကို ဖော်ပြပေးသွားပါမယ်…


Color Note

Android ဖုန်းအသုံးပြု Note Taking App ကောင်းကောင်းကို ရှာဖွေနေတယ်ဆိုရင် ဒီ App က ရွေးချယ်စရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒီ App ရဲ့ ကောင်းမွန်တဲ့အချက်တစ်ချက်ကတော့ Feature စုံစုံလင်လင်နဲ့ Color Note ပါမှတ်ထားနိုင်တဲ့ အတွက် Category သက်သက်စီခွဲပြီး လုပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်က Autolink Feature ပါဝင်တဲ့အတွက် Phone Number တွေ Website Link တွေကိုပါ ဖတ်ပေးနိုင်ပါတယ်။


Evernote

ဒီ Note App ကတော့ File Format များစွာကိုပါ သိမ်းဆည်းထားနိုင်တဲ့ App တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီ App ထဲမှာတော့ Photo, Video, Audio နဲ့အစရှိတဲ့ File တွေကိုပါ တစ်ခါထဲ သိမ်းဆည်းထားနိုင်ပါတယ်။ Reminder တွေ Schedule တွေကိုလုပ်ထားနိုင်တဲ့ Feature တွေလည်း ပါဝင်သေးတဲ့အတွက် မိတ်ဆွေတို့ အတွက် အကျိုးရှိစေမယ့် App တစ်ခုလည်း ဖြစ်ပါတယ်။


ClevNote

ဒီ ClevNote ဆိုတဲ့ App ကတော့ Android Note Taking App တွေထဲမှာ Interface အလန်းစားနဲ့ Note Taking App တစ်ခုလို့ ပြောနိုင်ပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ Task တွေကိုပါ Reminder တွေနဲ့ပါ Assign လုပ်ထားနိုင်တဲ့ Feature ပဲ ဖြစ်ပါတယ်။


ကဲ ဒီ App တွေကို အသုံးပြုပြီး မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်အတွင်းမှာ Note တွေကို စနစ်တကျ သိမ်းဆည်း ထားနိုင်ပြီး လုပ်ငန်းမှာ ပိုပြီး အဆင်ပြေစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Recent posts