29 Sept 2019
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီး သင့်ရဲ့ Product ကို ရောင်းချတဲ့နေရာမှာအောင်မြင်လာစေမယ့် အချက် (၆) ချက်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်...
ပထမဆုံးအချက်အနေနဲ့ သင့်ရဲ့ Product ကိုသင်ကိုယ်တိုင်နှစ်သက်ပြီး ချစ်မြတ်နိုးရပါမယ်။ သင်ကိုယ်တိုင် နှစ်သက်တဲ့ Product မျိုးက အခြားသူတွေပါနှစ်သက်နိုင်ချေ ပိုများပါတယ်။
သင့် Product ကိုသင်ကြိုက်နှစ်သက်ရခြင်းရဲ့ အကြောင်းပြချက်ကို အနည်းဆုံး လူ ၅ ယောက်လောက်ကို မျှဝေပေးသင့်ပါတယ် ။
အနည်းဆုံးလူ ၅ ယောက်ကို သင့် Product ကိုSample ပေးပြီးအစမ်းသုံးကြည့်ခိုင်းပြီး ကြိုက်တယ်ဆိုရင်လဲ ကြိုက်ရခြင်းရဲ့ မကြိုက်ခဲ့ရင်လဲ လိုအပ်ချက်စတဲ့ Feedback တွေမေးမြန်းပါ။
သင့်ရဲ့ Product အတွက်ဘက်ပေါင်းဆုံ နည်းလမ်းမျိုးစုံကနေစဉ်းစားပြီးပြီဆိုမှ အကောင်းဆုံး သင့်အတွက်အလုပ်ဖြစ်နိုင်ဆုံးနည်းကိုရွေးချယ်ပါ။
သင့်ရဲ့ Product ကိုရောက်စေချင်တဲ့ပန်းတိုင်ကိုချမှတ်ပြီး သင့်ရဲ့တိုးတက်မှုနှုန်းကို အစီစဉ်ချပြီး အမြဲတိုင်းတာသုံးသပ်ပါ။
သင့်ရဲ့ Product ကို Social Media ကနေတစ်ဆင့် Sharingလုပ်ပြီး Advertising လုပ်ပါ။
ဒီအချက် (၆) ချက်က သင့်ရဲ့
Product တွေကို အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ရောင်းချသွားစေနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။