01 Jun 2020
Covid 19 ရဲ့ရိုက်ခတ်မှုကာလမှာ အင်တာနက်အသုံးပြုရတာ အဆင်ပြေတဲ့နေရာဒေသတွေမှာ အိမ်ပြင်ကို မထွက်ကြပဲ ကိုယ့်ရည်ကိုယ်သွေးတွေမကျဆုံးအောင် လေ့လာသင်ယူမှုတွေကို အင်တာနက်ပေါ်ကတဆင့် လေ့လာကြတာတွေ၊ ပျင်းရိငြီးငွေ့ခြင်းတွေကို ဖြေဖျောက်ဖို့အတွက် Entertainment တွေကြည့်ရှုကြတာတွေနဲ့ Online Game တွေကိုပိုပြီးကစားလာကြတာတွေကိုတွေရပါတယ်။
Video Entertainment ရဲ့ အသုံးပြုမှုအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် Covid 19 ကာလမှာ Netflix မှာ TV Shows, Movies နဲ့ Documentaries တွေကိုကြည့်ရှုခြင်းက ၇၆ ရာခိုင်နှုန်းအထိရှိလာခဲ့ပါတယ်။ Netflix အပြင်အခြား Video Platform တွေ Internet Browser တွေအပေါ်ကနေ Video ကြည့်ရှုသူ အရေအတွက်က ၆၃ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ TV/Steaming Content တွေကိုကြည့်ရှုသူ အရေအတွက် ၅၉ ရာခိုင်နှုန်းနဲ့ Social Media ပေါ်က Video တွေကိုကြည့်ရှုသူ အရေအတွက် ၅၃ ရာခိုင်နှုန်းအထိရှိလာခဲ့ပါတယ်။ ဒီအချက်တွေကတော့ အင်တာနက် အသုံးပြုသူတွေနဲ့ Video Channel တွေကိုအသုံးပြုသူတွေဟာ ယခင်အချိန်တွေကထက် လက်ရှိကာလမှာ ပိုပြီးများပြားလာတာတွေကို တွေ့ရပါတယ်။
Gaming Platform တွေမှာလည်း စျေးကြီးပေးပြီး ဝယ်ဆော့မှဆော့နိုင်တဲ့ Game တွေကို အချိန်ကာလ တစ်ခုအတွင်းမှာ Free ပေးထားတာတွေ၊ စျေးတော့တော့လျှော့ပေးထားတာတွေကိုလည်း တွေ့ရပါတယ်။ ဒီအချက်က Game Company အချင်းချင်းပြိုင်ဆိုင်မှုအတွက် ပြုလုပ်တယ်လို့ သုံးသပ်ပြောဆိုနေကြတာတွေကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဒီအချက်က အခုလို Covid 19 ကာလမှာ Stayhome ပြီး Game ဆော့မယ်ဆိုတဲ့ Game ဝါသနာအိုးတွေအတွက်တော့ ကောင်းမွန်တဲ့အချက်လို့ ပြောနိုင်ပါတယ်။ ဒီအချက်တွေကြောင့် Game ကစားတဲ့ Player အရေအတွက်ဟာလည်း ၂၀ ရာခိုင်းနှုန်းအထိ တိုးလာတာကိုတွေ့ရပါတယ်။
ထပ်တိုးအနေနဲ့တွေ့ရှိရတဲ့အချက်တစ်ချက်ကတော့ Live Streaming တွေကိုကြည့်ရှုနှုန်းက ၃၆ ရာခိုင်နှုန်းအထိရှိလာပြီး Covid 19 ဖြစ်တဲ့ကာလမှစပြီး Livestream ကြည့်ရှုသူတွေက ပုံမှန်ထက် Livestream ၁၀ ခုနဲ့အထက်ကို ကြည့်ရှုလာကြတာကိုလည်း တွေ့ရပါတယ်။
ဖော်ပြပေးခဲ့တဲ့အချက်တွေကတော့ လက်ရှိကာလ Video နဲ့ Gaming Platform တွေရဲ့ အသုံးပြုမှု အခြေအနေတွေပဲ ဖြစ်ပါတယ်။