01 Dec 2019
ဒီတစ်ခေါက်မှာတော့ လူသုံးများတဲ့ Social App တစ်ခုဖြစ်တဲ့ Facebook မှာ သတိတော့ထားမိတယ် သေချာမစမ်းကြည့်ဖူးဆိုတဲ့ ပြဿနာကို ဖြေရှင်းနည်းလေးပဲ ဖြစ်ပါတယ်...
ဒါကတော့ Facebook ထဲမှာ ကိုယ်ကြိုက်တဲ့ ပိုစ့်လေးကို "Like" လုပ်လိုက်ရင်ဖြစ်ဖြစ်၊ React လုပ်ရင်ပဲဖြစ်ဖြစ် "ဘိုတောက်" ဆိုတဲ့ အသံကျယ်ကြီးမည်တာကို သတိထားမိကြမှာပါ။ ၄င်းအသံကိုအလိုမရှိလို့ ဖုန်းရဲ့အသံ (Volume) ကို အဆုံးထိတိုးထားရင်လဲ ကြားမြဲကြားနေရမှာပါ။
ပုံမှန်အချိန်တွေမှာပြဿနာမရှိပေမဲ့၊ တိတ်တိတ်ဆိတ်ဆိတ် Facebook သုံးချင်တဲ့အချိန်မှာ (သို့) အထူးသဖြင့် ညအိပ်ယာဝင်တဲ့အချိန်တွေမှာ စာရေးသူအပါအဝင် အချို့သူတွေအတွက်တော့ အတော်စိတ်ပျက်စရာ အသံကျယ်ကြီးဖြစ်ပါတယ်။
Facebook ရဲ့ Built-in in-app feature ဖြစ်တဲ့အတွက် ဖုန်း System ရဲ့အသံကို လျှော့ချထားရင် ခဏအဆင်ပြေပေမဲ့၊ ဖုန်းရဲ့ အခြား Application တွေပုံမှန်အလုပ်လုပ်စေဖို့အတွက်လဲရှိတာကြောင့် ရေရှည်အဆင်မပြေပါဘူး။ ဒါကြောင့် "ဘိုထောက်" အသံကြောင့် စိတ်ညစ်နေရတဲ့ သူငယ်ချင်းများအတွက် အလွယ်ကူဆုံး "ဘိုထောက်" အသံဖျောက်နည်း လေးကိုဝေမျှလိုက်ပါတယ်။
Android Device တွေအတွက်...
အဆင့် (၁)
အဆင့်(၂)
အဆင့် (၃)
အဆင့် (၄)
အဆင့် (၅)
iOS Device တွေအတွက်...
အဆင့် (၁)
အဆင့်(၂)
အဆင့် (၃)
အဆင့် (၄)
အဆင့် (၅)
ကဲဒီနည်းလမ်း အတိုင်းလုပ်ကြည့်ပြီး Facebook မှာ React တစ်ခါလုပ်တိုင်း မြည်နေတဲ့ "ဘိုတောက်" ဆိုတဲ့ အသံကို ဖျောက်နိုင်ပါပြီ။