logo
myanmar
Business Website တစ်ခု အောင်မြင်လာဖို့ဆိုရင်

Business Website တစ်ခု အောင်မြင်လာဖို့ဆိုရင်

02 Nov 2020

Business အတွက် Website ဆောက်လုပ်ပြီး အကျယ်တဝင့် လုပ်ကိုင်ချင်တဲ့ Company တွေ၊ လုပ်ငန်းရှင်တွေ အတွက် ကိုယ့်ရဲ့ Business ကိုပိုပြီး အောင်မြင်အောင် လုပ်ဆောင်ချင်နိုင်ဖို့ အတွက် နည်းလမ်း အချို့ကို ဝေမျှပေးချင်ပါတယ်…

ခိုင်မာတဲ့ Website’s Goal တစ်ခုထားရှိဖို့ လိုပါတယ်။ လူကြီးမင်းတို့ Business နဲ့သက်ဆိုင်တဲ့ Audience ကိုရည်ညွှန်းပြီး Objective ကောင်းကောင်း တစ်ခုကို ဆွေးနွေးတိုင်ပင်ထားဖို့ လိုအပ်ပါတယ်။ သင့် Business အတွက် ကိုယ်ပိုင် Foundation တစ်ခုရှိဖို့ လိုအပ်ပြီး မိတ်ဆွေတို့ Business နဲ့ သက်ဆိုင်မယ့် Domain, Hosting တွေကို မှန်ကန်စွာရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။ အကဲ့၍ ဒီလို Website နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို မရင်းနီးတဲ့သူတွေဆိုရင်လည်း Digital Marketing Agency တွေသိကျွမ်းနားလည်တဲ့ သူတွေနဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်က လူကြီးမင်းတို့ Website မှာလုပ်ဆောင်ချက်တွေကို တိတိကျကျနဲ့ Productive ဖြစ်ဖို့အတွက်ဆိုရင် CMS(Content Management System) တစ်ခုကို ရွေးချယ်ပေးဖို့လိုအပ်ပါတယ်။


CMS တွေထဲမှာတော့ Wordpress, Joomla နဲ့ Drupal တို့က အသုံးများတဲ့ CMS တွေဖြစ်တဲ့ အတွက် လူကြီးမင်းတို့ နှစ်သက်ရာ CMS ကိုရွေးချယ်နိုင်ပါတယ်။ Website ထဲကို Visitor တွေအများအပြား လာရောက်စေချင်တယ်ဆိုရင်တော့ CTA(Call to Action) ကလည်း Visitor ရဲ့ အမြင်မှာ တစ်ခါထဲစွဲသွားစေမယ့် ပုံစံမျိုးလုပ်ထား ဖို့လိုအပ်ပါတယ်။ All Device မှာ အဆင်ပြေစေဖို့ အတွက် Responsive ပိုင်းမှာ အကောင်းဆုံး ဖြစ်နေအောင် လုပ်ထားပေးဖို့ လိုအပ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ လူကြီးမင်းတို့ရဲ့ Business Website ကို Organic Visitor တွေရရှိလာစေဖို့ အတွက် အကောင်းဆုံး Internet Marketing နည်းလမ်း တစ်မျိုးဖြစ်တဲ့ SEO(Search Engine Optimization) ကိုပါတွဲပြီး အသုံးပြုကြည့်ဖို့ အကြံပြုချင်ပါသေးတယ်။ လူကြီးမင်းတို့အတွက် လိုအပ်မယ့် Digital Marketing Service တွေကို ကျနော်တို့ SEOMyanmar မှလည်း ဝန်ဆောင်မှုပေးနေပါပြီ။

Recent posts