02 Aug 2018
WhatsApp ဟာ Group Calls ကို Video နဲ့ကော Voice နဲ့ပါအသုံးပြုနိုင်အောင်ထည့်သွင်းခဲ့ပါတယ်။ဒီ WhatsApp ရဲ့ Group Video Calling မှာဆိုရင် အများဆုံး (၄) ယောက်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့Messenger လောက်တော့ များများပြောလို့မရသေးပါဘူး။ WhatsApp ရဲ့ Video Call ကိုအသုံးပြုမယ်ဆိုရင် One-On-On Call ကိုတော့ ပုံမှန်အနေနဲ့ ခေါ်ဆိုနိုင်ပြီး၊ နောက်ထပ်လူတစ်ယောက်ကိုပါ ခေါ်ချင်တယ်ဆိုရင်တော့ ညာဘက်အပေါ်နားမှာ “add participant” ဆိုတဲ့ Button လေးတစ်ခု ရှိပါတယ် အဲ့ဒီ
Button လေးကိုနှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။ Marketing ပိုင်းကကြည့်မယ်ဆိုရင် ဒီလိုအသစ်တွေပြုလုပ်ပေးချင်က Active User တွေများပြားလာစေတဲ့အတွက် ကောင်းမွန်တဲ့ ပြုလုပ်ခြင်းလို့ယူဆနိုင်ပါတယ်။
ယခုအချိန်မှာဆိုရင်တော့ WhatsApp ကိုလစဉ်အသုံးပြုသူ 1.5 Billion ရှိပြီး Region အလိုက်အသုံးပြုသူတွေလည်း အများအပြားရှိပါတယ်။ WhatsApp အသုံးပြုမှုဟာ တဖြည်းဖြည်းနဲ့ များပြားလာတာကိုလည်းတွေ့ရှိရပါတယ်။ WhatsApp User တွေလည်း Communicate ပြုလုပ်တဲ့ နေရာမှာ အခြား Social Platform တွေနည်းတူဖြစ်လာပါပြီ။ WhatsApp နဲ့ Messenger ကို Region အလိုက်အသုံးပြုသူများ စာရင်းကို အောက်ပါပုံမှာလေ့လာကြည့်ရှုနိုင်ပါတယ်။
Ref - socialmediatoday