လွယ်ကူမယ်ထင်ရပေမဲ့ မေးလေ့မေးထရှိတဲ့မေးခွန်းထဲမှာပါဝင်ပါတယ်။အလွယ်ကူဆုံးဖြေရရင်တော့ Quality Content တွေကို Consistently ဖြစ်အောင် မကြာခဏတင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ Social Media မှာအောင်မြင်မှုရချင်တယ်ဆိုရင်တော့ Quality နဲ့ Consistency ဟာ Key ပါပဲ။ Facebook မှာ Post တွေကို ပုံမှန်မတင်တာများလာမယ်ဆိုရင်တော့ သင့်ရဲ့ Page ရှိနေတယ်ဆိုတာ ကိုလူတွေဟာ မေ့လျော့လာပါလိမ့်မယ်။ ဒါပေမဲ့ သင်ဟာ Post တွေကို မကြာခဏ တရစပ်တင်နေလွန်းတာကလည်း Audience တွေကိုအနှောင့်အယှက်ဖြစ်စေပြီး Unlike လုပ်တာ Unfollow လုပ်တာမျိုးတွေထိပါ ကြုံတွေ့ရနိုင်ပါတယ်။

ဖြစ်နိုင်ရင်တော့ ကိုယ့်ရဲ့ Page မှာ ကိုယ်ပိုင် Frequency အတိုင်းတင်သွားတာတော့အကောင်းဆုံးပါ။ လေ့လာမှုတွေအရတော့ ပုံမှန် Facebook Page ပေါ်မှာ Business နဲ့သက်ဆိုင်တဲ့ Post တစ်ခု အများဆုံး နှစ်ခု နေ့စဉ်တင်တာကတော့ သင့်လျော်ပါတယ်။ နှစ်ခုထက်ပိုသွားရင်တော့ အဆင်မပြေနိုင်ပါဘူး။

HubSpot ရဲ့ရှာဖွေတွေ့ရှိမှုအရ Follower 10000 အောက် Page တွေဟာ တစ်နေ့ကို Post တစ်ခုထက်ပိုပြီး အလွန်အကျွန်တင်တဲ့အခါမှာ Post တိုင်းမှာ Engagement 50% အထိကျဆင်းသွားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ များလွန်းတာအဆင်မပြေပေမဲ့လဲ တစ်ပတ်ကို Post 3 ခုထက်တော့ မလျော့အောင်တင်ပေးသင့်ပါတယ်။

ဘယ်အချိန်တွေမှာတင်သင့်လဲဆိုရင်တော့ ပုံမှန်ဆို Page မှာ Post တွေကို နေ့လည်ခင်းနောက်ပိုင်းအချိန်တွေ တင်လေ့ရှိပေမဲ့ အဆိုပါအချိန်တွေမှာ တင်တဲ့သူများတဲ့အခါ သင့် Page ရဲ့ Post ဟာ အများကြားမှာ မြင်ရဖို့ခက်ခဲသွားတတ်ပါတယ်။ဒါကြောင့် သင့်ရဲ့ Audience တွေ Online မှာ ရှိတတ်တဲ့အချိန်ကို Facebook Insight မှာအမြဲ Check လုပ်ပြီး ကိုယ်တိုင်ဘယ်အချိန်တွေမှာ တင်သင့်လဲ ဆုံးဖြတ်တာဟာအကောင်းဆုံးပါပဲ။

Facebook page မှာ Post တွေကို Schedule ချပြီးတင်တာကတော့ အကောင်းဆုံးပါပဲ။ Quality နဲ့ Consistency ကိုမမေ့ဖို့တော့လိုပါတယ်ဗျာ။

Leave a Reply

social sharing buttons