logo
myanmar
စီးပွားရေးလုပ်ငန်းတွေမှာ Chatbot တွေကိုဘာကြောင့်သုံးတာလဲ?

စီးပွားရေးလုပ်ငန်းတွေမှာ Chatbot တွေကိုဘာကြောင့်သုံးတာလဲ?

03 Mar 2021

လက်ရှိကာလ Social Media မှာ Business Run နေတဲ့သူတွေအတွက် Chatbot ဟာအရင်ကထက်ပိုမို Popular ဖြစ်လာပြီး Business တွေအတွက် မတူညီတဲ့နည်းလမ်းတွေနဲ့ Marketing ပိုင်းမှာအထောက်အကူပြုလာပါတယ်။Chatbot ကို တကယ်အထောက်အကူပြုရဲ့လား ဆိုတဲ့ မေးခွန်းအတွက် Chatbot တွေရဲ့ အရေးပါခဲ့ပုံနဲ့ နောက်တချိန်မှာပါ ဖြစ်လာနိုင်တဲ့ Stat တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်...

-2016 က နေ 2023 အတွင်းမှာ Global Chatbot Market ဟာ အဆမတန် ကြီးမားကျယ်ပြန့်လာမယ်လို့ လေ့လာတွေ့ရှိချက်တွေ အရခန့်မှန်းနိုင်ပါတယ်

-2020 မှာ Customer Reaction တွေကို Chatbot တွေက 85% ထိ လူသားမပါဝင်တဲ့ Management တွေပြုလုပ်သွား နိုင်တော့မှာ ဖြစ်ပါတယ်

-Voice Recognition ဆိုတဲ့ AI Technology ကို Business တွေမှာ 32% အထိအသုံးပြုလာကြတာကိုလည်း တွေ့ရှိရပါတယ်

-2018 အကုန်မှာ "Digital Customer Assistant" ဆိုတဲ့ Chatbot ဟာ Customer နဲ့ လုပ်ငန်းကြားမှာ ရုပ်ရော၊ အသံရောကို ချိန်ဆက်ပေးနိုင်ခဲ့ပါတယ်

-2020 မှာဆိုရင် Smart Agent ဆိုတဲ့ Chatbot ဟာ 40% သော Mobile Interaction တွေကို Manage လုပ်သွားနိုင်မယ်လို့ သိရှိရပါသေးတယ်

-လက်ရှိ အချိန်မှာဆိုရင်လည်း Developer ပေါင်းများစွာက Facebook Messenger အတွက် Chatbot တွေကို Development တွေလုပ်နေတာကိုလည်းသိရှိရပါတယ်

ဒီအချက်တွေကိုထောက်ခြင်းအားဖြင့် Chatbot တွေရဲ့ အရေးပါပုံကိုခန့်မှန့်မိမယ်ထင်ပါတယ်။Chatbot တွေဟာ Messaging App တွေကနေတစ်ဆင့် Customer တွေနဲ့ Communicate လုပ်နိုင်တဲ့အပြင် Customer နဲ့ ထိတွေ့ဆက်ဆံမှုများမှာ ကြီးမားတဲ့ အခွင့်အလမ်းကောင်းတွေကိုပေးနိုင်တဲ့အတွက် သင့်ရဲ့ Business အတွက် Chatbot ကိုအသုံးမပြုရသေးဘူးဆိုရင်တော့ စတင်သုံးကြည့်ဖို့လိုနေပါပြီ။

Recent posts