14 Jun 2018
စျေးအသင့်အတင့်နဲ့ Mid Range Smart Phone တွေအများအပြားရှိတဲ့ကြားထဲမှာမှ Xiaomi Redmi Note 5 ရဲ့ Specification တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မဖော်ပြခင်မှာ Xiaomi Redmi Note 5 ရဲ့ အကြောင်းကို နည်းနည်းမိတ်ဆက်ပေးသွားပါမယ်၊ စထွက်တုန်းက ၃သိန်းခွဲဝန်းကျင်လောက်နဲ့ထွက်ရှိခဲ့ပြီး ယခုဆိုရင်တော့ ၂ကျော်ကျော်လောက်ပဲရှိတော့ တာဖြစ်တဲ့အတွက် Mid Range Smart Phone တွေထဲမှာဆိုရင်တော့ တော်တော်လေးကိုတန်ပြီး ကိုင်ပျော်တဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။
Xiaomi Redmi Note 5 ရဲ့ Specification တွေကတော့…….
Display
Display မှာဆိုရင်တော့ 1080x2160 pixels Resolution နဲ့ Screen Size ကတော့ 5.99 inches ရှိပြီး Full HD+ Display ပါ၀င်ပါတယ်။ အနောက်ဘက်မှာ Finger Print ပါ၀င်ပါတယ်။
Processor
Processor မှာတော့ Qualcomm ရဲ့ Snapdragon 625 2GHz- octa-core ကိုသုံးပေးထားပါတယ်။
RAM & Storage
Xiaomi Redmi Note 5 မှာ RAM 3GB နဲ့ 4GB နှစ်မျိုးရှိပြီး၊ Internal Storage မှာလည်း 32GB နဲ့ 64GB နှစ်မျိုးရှိပြီး မိတ်ဆွေတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။ External Memory
Card လည်းအသုံးပြုနိုင်ပါတယ်။
Camera
Camera မှာတော့ အနောက် Camera မှာ LED Flash နဲ့ 12 megapixels ပါ၀င်ပြီး၊ အရှေ့ Camera မှာ
5 megapixels ပါ၀င်ပါတယ်။ 5 megapixels Selfie Camera ဆိုပေမဲ့ အရင်ကထက် ပိုမိုက်လာတာ ကို
မိတ်ဆွေတို့ လက်တွေ့အသုံးပြုကြည့်လျျှင် သိပါလိမ့်မယ်။
Operating System
Xiaomi Redmi Note 5 မှာ Operating System ကို Android 7.0 ကိုအသုံးပြုပေးထားပါတယ်။
Network & SIM Support
Xiaomi Redmi Note 5 မှာ Dual SIM အသုံးပြုနိုင်မှာဖြစ်ပြီး Wifi, Bluetooth, GPS, FM တွေလဲကောင်း
မွန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM Card 1နဲ့ SIM Card 2
မှာ Nano- SIM အရွယ်အစားထည့် သွင်း နိုင်ပြီး GSM အသုံးပြုနိုင်ပါတယ်၊ 3G, 4G/LTE Support ပေးပါတယ်။ SIM Card 1 မှာအသုံးပြု ထားတဲ့
SIM Card ကတော့ ပိုမိုလိုင်းမယ်လို့ ထင်ပါတယ်။
Sensors
Xiaomi Redmi Note 5 မှာပါ၀င်တဲ့ Sensor တွေကတော့ Compass/Magnetometer, Proximity Sensor, Accelerometer, Gyroscope တို့ပါ၀င်ပါတယ်။