logo
myanmar
Facebook Page Run တာပိုမိုထိရောက်ချင်ပါသလား

Facebook Page Run တာပိုမိုထိရောက်ချင်ပါသလား

28 Apr 2020

သင့်ရဲ့ Business အတွက် Facebook Page ကနေတစ်ဆင့်Product Branding လုပ်နေပေမဲ့ ထိရောက်မှုနည်းတယ်လို့ထင်နေရင် အခုဖော်ပြမဲ့ အခြေခံ အချက်တွေကို သတိထားသင့်ပါတယ်။

Facebook Business Page တွေအတွက်ဆောင်ရန် အချက်တွေကတော့…

-တင်တဲ့ Post တွေက Quality ကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ Post ဖြစ်ဖို့လိုအပ်ပါတယ်။ တင်တဲ့ Post က သင့်ရဲ့ Follower တွေနဲ့ ကိုက်ညီဖို့လည်း လိုအပ်ပါတယ်( သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Post တွေကိုဆိုလိုတာပါ)

-Sharing Post တွေကလည်း Trusted Source(ယုံကြည်စိတ်ချရတဲ့သတင်းအရင်းအမြစ်)က ဖြစ်ဖို့လိုအပ်ပါတယ်။

-Post တွေကိုလည်း Audience များမယ့် Strategies Time ကိုရွေးချယ်ဖို့ လိုအပ်ပါတယ်

-Follower တိုးလာဖို့ အတွက် Promotion ပြုလုပ်ရင် Target ကိုမှန်ကန်စွာ ရွေးချယ်ပေးပါ

-Interaction ဖြစ်စေဖို့ အတွက် Hashtag ကိုလိုအပ်တဲ့ နေရာမှာသုံးပါ

-Website Traffic ရဖို့အတွက် Link ပါတွဲတင်ပေးပါ (Website ရှိတဲ့ လုပ်ငန်းတွေကိုဆိုလိုပါတယ်)

-Audience နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို မေးပေးခြင်းက Engagement ရရှိတဲ့ အတွက်တစ်ခါတစ်လေ မှာမေးခွန်းတွေ မေးပေးပါ

-Audience ကပေးတဲ့ Comment, Reaction ကို Response ပြန်လုပ်ပေးပါ( Reply မပြန်ရင်တောင် Reach တစ်ခုခုပြန်ပေးပါ)

နောက်ထပ် ရှောင်ရန် အချက်တွေကတော့…

-Audience ကို Like, Follow လုပ်ခိုင်းခြင်းကို ရှောင်ကြဉ်ပါ

-Hashtag အလွန်အကျွံ သုံးခြင်းကို ရှောင်ကြဉ်ပါ

-Image တွေမှာ မလိုအပ်ပဲ Tag မလုပ်ပါနဲ့(လူပုဂ္ဂိုလ် ပုံမပါပဲ Tag လုပ်ခြင်း ဥပမာ- Influencer )

-Post တွေကို အဆက်မပြတ် Promotion လုပ်ခြင်းကို ရှောင်ပါ

-Quality နိမ့်တဲ့ Post (သို့) Meme တွေတင်ခြင်းကို ရှောင်ပါ။Professional မဆန်တဲ့ Content တွေတင်ခြင်းဟာ Brand ရဲ့ Image ကိုကျဆင်းစေပါတယ်။

-Promotion Post တွေမှာ စာလုံးအရေအတွက် ၂၀% ကျော်တဲ့ပုံတွေကို အသုံးပြုခြင်းကို
ရှောင်ကြဉ်ပါ

-Post တွေကို Audience အများဆုံးရှိချိန်နဲ့ Weekend တွေကို မတင်ပဲ လျစ်လျူရှုဂရုမစိုက်ခြင်းလုပ်တာမျိုးကိုရှောင်ကြဉ်ပါ

-Audience Engagement ကိုဂရုမစိုက်ပဲ Product Selling တစ်ခုထဲကို ကြည့်ခြင်းရှောင်ကြဉ်ပါ

အထက်ပါ အချက်တွေကတော့ Facebook Business Page တွေ Run မယ်ဆိုရင် သတိထား သင့်တဲ့
ဆောင်ရန် ရှောင်ရန် အချက်တွေပဲ ဖြစ်ပါတယ်။

Recent posts