fbpx

ယခုတစ်ခေါက် ဖော်ပြပေးမှာကတော့ 2018 ခုနှစ်မှာ Download ပြုလုပ်မှုအများဆုံး iPhone App များကိုပုံနှင့်တကွ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံး နေရာကိုတော့ YouTube ကရရှိခဲ့ပြီး၊ Instagram, Snapchat, Messenger နဲ့ Facebook တို့ကတော့ YouTube ပြီးရင် Download အပြုလုပ်ခံရဆုံး iPhone App တွေဖြစ်ခဲ့ပါတယ်။

နောက်ဆက်တွဲ တင်ပြချက်တွေအရ Snapchat အသုံးပြုမှုနဲ့ Active User အနေနဲ့  Instagram အသုံးပြုမှု ထက် အနည်းငယ် လျော့နည်းခဲ့တယ်လိုလည်း သိရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ Download ပြုလုပ် အခံရဆုံး iPhone App ကတော့ Bitmoji ပဲဖြစ်ပါတယ်။ ယခုနှစ်မှာတော့ Bitmoji က နံပတ် ၆ နေရာကိုရောက်ရှိခဲ့ပါတယ်။ နံပတ် ၆ ကိုရောက်သွားတယ် ဆိုပေမဲ့ သူ့အောက်မှာ App တွေအများကြီး ရှိနေပါသေးတယ်။ လက်ရှိ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ App တစ်ခုကတော့ TikTok ပဲဖြစ်ပါတယ်၊ ဒီ TikTok ကတော့ 2018 ခုနှစ်ထဲမှာ နံပတ် ၁၆ ကိုရောက်ရှိလာခဲ့ပါတယ်။ Twitter အနေနဲ့တော့ နေရာ ၄ နေရာကျဆင်းခဲ့ပြီးလက်ရှိနံပတ် ၂၀ ကိုရောက်ရှိခဲ့ပါတယ်။

ယခုဖော်ပြခဲ့တဲ့ iPhone App တွေကတော့ 2018 ခုနှစ်မှာ Download ပြုလုပ်မှုအများဆုံးရရှိခဲ့တဲ့ iPhone App တွေပဲဖြစ်ပါတယ်။

Ref – socialmediatoday

Leave a Reply

social sharing buttons