
၂၀၂၀ မှာရှေ့ဆုံးကပြေးနေတဲ့ Social Media Site (၃) ခု
19 Nov 2020
လက်ရှိကပ်ရောဂါ ဖြစ်ပေါ်နေတဲ့ အချိန်ကာလတစ်ခုမှာ လူတွေကလည်း မိမိအိမ်ပြင်ပကို ထွက်ဖို့အတွက်က မဖြစ်မနေအချိန်မျိုးလောက်ကြမှသာ ထွက်ကြရတာပါ။ လုပ်ငန်းခွင်ဝင်နေရတဲ့ သူတွေအနေနဲ့လည်း အချိန်ပိုင်းနဲ့သွားနေရတာရှိသလို၊ အိမ်ကနေပဲ (Work From Home) လုပ်နေကြရတဲ့သူတွေလည်း ရှိပါတယ်။ Internet နဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့အတွက်ဆိုရင် လူတွေနဲ့ အမြဲချိတ်ဆက်မိနေဖို့ Social Media Site တွေကိုအသုံးပြုကြရပါတယ်။ လက်ရှိအချိန်ကာလမှာ ဘာတွေဖြစ်နေတယ် ဘယ်လို Trend မျိုးတွေခေတ်စားနေတယ် အစရှိတယ် အရာတွေကို အမှီလိုက်နိုင်ဖို့ လိုအပ်ပါတယ်။ ဘယ် Social Media Site တွေကတော့ ၂၀၂၀ အတွက် ထိပ်ဆုံးမှာ ရပ်တည်နေတယ် ဆိုတာကိုတော့ ဖော်ပြပေးလိုပါတယ်…
လက်ရှိအချိန်မှာ ၁ လကို User 1 Billion Over နှုန်းနဲ့ လည်ပတ်နေတဲ့ Social Media Site တစ်ခုလို့လည်း ပြောလို့ရပါတယ်။ Influencers, Brand, Bloggers, Small Business Owner တွေနဲ့ လူငယ် User များစွာကို ပိုင်ဆိုင်ထားတဲ့ Instagram ကတော့ ၂၀၂၀ အတွက်ထိပ်ဆုံးက Social Media Site တွေထဲမှာ ပါဝင်နေပါတယ်။ Visual ပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေက ဒီ Instagram မှာပဲ Product ကြော်ငြာတွေ အစရှိတာတွေ Run နေကြတာတွေ့ရပါတယ်။
YouTube
ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး Search Engine လို့သိထားကြတဲ့ YouTube ကလည်း ၂၀၂၀ အတွက် ထိပ်ဆုံးရောက်နေတဲ့ Social Media Site တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ အခုလို Stay Home ကာလမှာ Tutorial Video တွေ၊ Video Content တွေ၊ Product Review တွေ အစရှိတဲ့ အရာတွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ လေ့လာလို့ရတဲ့ နေရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။ လစဥ် အသုံးပြုသူ 2 Billion ရှိတဲ့ Social Media Site တစ်ခုထဲမှာလည်း ပါဝင်နေပါတယ်။
အခုအချိန်မှာ Facebook လို့ပြောလိုက်တာနဲ့ လူတိုင်းတန်းသိနိုင်တဲ့ Social Media Site တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး Social Media Site တစ်ခုလို့လည်း ပြောလို့ရပါတယ်။ လူငယ်တွေတင်မကပဲ နောက်ပိုင်းမှာ လူကြီးတွေကပါ အသုံးပြုလာတာကိုလည်း တွေ့ရပါတယ်။ လေ့လာစရာအရာတွေ၊ ကုန်ပစ္စည်းရောင်းဝယ်တာတွေ၊ ကြော်ငြာပိုင်းဆိုင်ရာတွေကို အများဆုံး ပြုလုပ်နိုင်တဲ့ နေရာတစ်ခုလို့လည်း ပြောလို့ရပါသေးတယ်။ လစဥ်အသုံးပြုသူ 2.5 Billion နဲ့ရပ်တည်နေတဲ့ Social Media Site တစ်ခုလည်း ဖြစ်ပါတယ်။
ယခုဖော်ပြပေးခဲ့တဲ့ Site တွေကတော့ လက်ရှိ ၂၀၂၀ မှာ ထိပ်ဆုံးနေရာတွေကနေ ရပ်တည်နေတဲ့ Social Media Site တွေပဲ ဖြစ်ပါတယ်။