07 Jun 2019
လူသုံးအများဆုံး Social Media Networking Site တစ်ခုဖြစ်တဲ့ Facebook က Daily User သန်းပေါင်းများစွာနဲ့ အောင်မြင်မှုရရှိထားဆဲပါ။ Facebook ပေါ်မှာ User တွေလုပ်နိုင်တဲ့ Feature တွေကတော့ Profile, Cover Image တွေဖန်တီးနိုင်မယ်၊ သူငယ်ချင်းတွေ Add နိုင်မယ်၊ Link တွေ Share နိုင်မယ်၊ Status, Photo နဲ့ Video တွေ Upload လုပ်နိုင်မယ်။ Communication ပိုင်းမှာဆိုရင် Private Message, Group Message နဲ့ Group တွေကို Join နိုင်ပါတယ်။ ဒါပေမဲ့ Facebook မှာ MP3 Share လို့ရတဲ့ Feature ကို Android OS မှာရနိုင်ပေမယ့် iOS မှာတော့ မပါသေးပါဘူး။ ဒီအချက်က နည်းနည်းတော့ စဉ်းစားစရာကောင်းပါတယ်။ ဒါကြောင့် Facebook ပေါ်ကို MP3 Share နိုင်မယ့် နည်းလမ်းကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်...
Chirbit ဆိုတဲ့ Web Application နဲ့ Facebook ပေါ်မှာ Share နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးပါမယ်...
အဆင့် (၁) အနေနဲ့ Chirbit ဆိုတဲ့ Web Application ထဲကိုသွားပြီး Account ဖွင့်ဖို့လိုအပ်ပါတယ်။ Account ဖွင့်တဲ့နေရာမှာလည်း ခက်ခက်ခဲခဲ မဟုတ်ပဲ Email တစ်ခု ရှိရုံနဲ့ ရပါတယ်
အဆင့် (၂) Account ဖွင့်ပြီးသွားရင်တော့ ကိုယ့်ရဲ့ အကောင့်မှာပါတဲ့ Upload ဆိုတဲ့ Button လေးကိုနှိပ်ပါ
အဆင့် (၃) Upload နှိပ်ပြီးသွားရင်တော့ Choose File ကိုရွေးပြီး ကိုယ်ကြိုက်တဲ့ MP3 File တစ်ခုကို Submit လုပ်ပါ
အဆင့် (၄) Upload လုပ်ပြီးတဲ့ MP3 File တွေကို သွားယူချင်ရင် My Account> Profile မှာသွားယူလို့ရပါတယ်
အဆင့် (၅) နောက်ဆုံးအဆင့်မှာတော့ Share Button ကိုနှိပ်ပြီး Facebook ကိုရွေးပြီး Share လို့ရပါတယ်။ Facebook အပြင် Twitter မှာလည်း Share နိုင်ပါတယ်။
ဖော်ပြခဲ့တဲ့ နည်းလမ်းကတော့ Chirbit ဆိုတဲ့ Web Application နဲ့ MP3 File တွေကို Facebook ပေါ်မှာ Share တဲ့နည်းလမ်းဖြစ်ပါတယ်။ iOS သုံးတဲ့ User တွေအနေနဲ့ ဒီနည်းလမ်းကို သုံးပြီး MP3 File တွေ Facebook ပေါ်မှာ Share နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခြားနည်းလမ်းတွေ ရှိသေးပေမဲ့ ဒီနည်းလမ်းလေးက အရမ်းမခက်ခဲတဲ့ နည်းလမ်းဖြစ်လို့ ဖော်ပြပေးခြင်း ဖြစ်ပါတယ်။
Ref - vgrabber