23 Jul 2019
ဒီတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းအရာကတော့ Facebook ကိုအဓိကထားပြီး လုပ်ငန်းလုပ်ကိုင်နေတဲ့ Marketer တွေ၊ Facebook Platform ပေါ်မှာ Ads တွေ Run ပြီး လုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေလည်း သိထားသင့်တဲ့ Facebook ရဲ့ Ads Format ပုံစံ အသစ် အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပြောင်းသွားမယ့် Facebook Ads Format ပုံစံကတော့ News Feed မှာပေါ်တယ့် Primary Text ရဲ့ စာကြောင်းအရေအတွက်ကို ၇ ကြောင်းကနေ ၃ ကြောင်းပုံစံ ပြောင်းပြီး See More နဲ့မြင်ရအောင် ပြောင်းလိုက်တာဖြစ်ပါတယ်။ Ads Format ရဲ့ Image တင်နိုင်မယ့် Ration ကိုလည်း 2:3 မှ 4:5 Aspect Ratio ပြောင်းလိုက်ပါတယ်။ Link တွေ Video တွေနဲ့ မချိန်ထားတဲ့ Image တွေရဲ့ အရှည်ဆုံး Verticle Ratio ကလည်း 4:5 အထိပဲရတော့မှာ ဖြစ်တဲ့အတွက် Image အသုံးပြုတဲ့အခါမှာ သတိပိုပြီး ထားနိုင်ဖို့ လိုအပ်လာပါတယ်။ ဒီလို ပြောင်းလဲမှုကို လုပ်လိုက်တဲ့ ရည်ရွယ်ချက်က User တွေအတွက် News Feed မှာ Ads တွေနေရာ အများကြီးမယူတော့ပဲ ရှင်းရှင်းလင်းလင်းနဲ့ News Feed ကိုအသုံးပြုဖို့ ရည်ရွယ်တဲ့ သဘောနဲ့ Ads တွေကို အမှန်တကယ် စိတ်ဝင်စားတဲ့ User ကတော့ See More ကိုနှိပ်ပြီး စာသားကို အပြည့်အဝ ဖတ်နိုင်ပါတဲ့ အတွက် Run ထားတဲ့ Ads တွေရဲ့ Reach, Engagement နှုန်းတွေက ပိုပြီး ထိရောက်လာစေဖို့ Format ကိုပြောင်းလဲမယ့် ရည်ရွယ်ချက်လို့ ခန့်မှန်းနိုင်ပါတယ်။
ဒီပြောင်းလဲမှုကို 19th August မှာအတည်ပြုမယ်လို့ ကြေညာထားတဲ့အတွက် Facebook Ads အတွက် Content ရေးရင်လည်း Primary Text ၃ ကြောင်းကို ထိထိမိမိ ရေးဖို့နဲ့ Image Format တွေကိုလည်း သတိထားပြီး သုံးဖို့လည်း Remind လုပ်ပေးလိုက်ပါတယ်။ Facebook Ads Format အပြောင်းအလဲ နမူနာပုံကိုလည်း အောက်မှာကြည့်ရှုနိုင်ပါတယ်။