
Social Ads တွေ WhatsApp ကိုရောက်လာနိုင်တော့မယ်
19 Mar 2019
ယခုအချိန်မှာဆိုရင်တော့ Marketing တွေဟာ WhatsApp Advertising အတွက်ကိုပါ ပြင်ဆင်ထားသင့်ပါပြီ။ ဘာကြောင့်လဲဆိုရင်တော့ နာမည်ကြီး Social Media App တစ်ခုဖြစ်တဲ့ Facebook ဟာဆိုရင် 2018 လောက်မှာ click-to-WhatsApp ဆိုတဲ့ Ads တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီ click-to-WhatsApp ဆိုတဲ့ Ad
ထွက်ရှိခဲ့မယ်ဆိုရင်တော့ Traffic, Conversation, Post Engagement, Page Engagement တွေကိုရလဒ်ပိုမို ကောင်းမွန်အောင် Provide ပြုလုပ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် Marketer တွေအနေနဲ့ ဒီ WhatsApp Advertising အတွက် ပြင်ဆင်ထားဖို့ အကြံပါရစေ။ Facebook နဲ့ WhatsApp ကြားက Information တွေကိုပါ Tracking လုပ်နိုင်မှာဖြစ်ပြီး ပိုမိုထိရောက်တဲ့ Marketing Strategy တွေလည်း ဖန်တီးနိုင်အုံးမှာ ဖြစ်ပါတယ်။
WhatsApp Business က January 2018 နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ကြီးမားတိုးတက်လာခဲ့ပါတယ်။ အနောက်တိုင်း နိုင်ငံ Company တွေမှာ WhatsApp နဲ့ Profile Create လုပ်ပြီး Website Address, Email Address, Operating Hours, Descriptions အစရှိတဲ့ Information တွေကို Targeting လုပ်ကျပါတယ်။ Messaging နဲ့ ပတ်သတ်တဲ့ Quick Reply ဖြစ်စေဖို့ Shortcut တွေ၊ Chat Organization Tactic စုံစုံလင်လင်ပါဝင်တဲ့ အတွက် Business တွေအတွက် အထောက်အကူ အများအပြားရရှိစေပါတယ်။ နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းက အသုံးပြုလာနိုင်တဲ့ Business Platform တစ်မျိုးဖြစ်လာနိုင်တဲ့ အတွက် စမ်းသပ် လေ့လာကြည့်ကြဖို့ အကြံပြုပါရစေ။ Social Ads တွေမှာ များပြားတဲ့ အခွင့်အလန်းတွေရှိတဲ့ အတွက်အခုထွက်ရှိလာမယ့် click-to-WhatsApp ဆိုတဲ့ Ads ဟာဆိုရင်လည်း အခွင့်အလန်းတွေ၊ အကျိုးအမြတ်တွေ ရရှိစေမယ့် Ads တစ်ခုဖြစ်လာနိုင်ပါတယ်။
Ref - modernmarketingpartners