09 Apr 2021
Facebook ဟာလက်ရှိ US မှာ Facebook Pay အတွက် QR Code အသစ်ကိုစမ်းသပ်နေပြီဖြစ်တယ်လို့ကြားသိရပါတယ်။
Facebook ဟာ ၂၀၁၂ ခုနှစ်မှစ၍ QR Code Generator အမျိုးအစားများကိုထောက်ပံ့ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် Facebook ဟာ App အတွင်းမှာရှိတဲ့သူငယ်ချင်းများနှင့်ပိုမိုမြန်ဆန်စွာဆက်သွယ်နိုင်ရန်အတွက်၎င်း၏ကိုယ်ပိုင် Scan ဖတ်နိုင်သော Messenger Code များကိုထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။
အဆိုပါစမ်းသပ်မှုအရ အသုံးပြုသူများအား သူငယ်ချင်း သို့မဟုတ် မိသားစုဝင်များ၏ QR Code ကို Scan ဖတ်စစ်ဆေးနိုင်ပြီး Funds များချက်ချင်း Transfer နိုင်စေရန်ပြုလုပ်နေတာဖြစ်ပါတယ်။ Facebook သည် TechCrunch သို့စမ်းသပ်မှုတွေကိုအခုလိုအတည်ပြုပြောကြားခဲ့ပါတယ်။
"Messenger ကိုငွေပေးချေမှုကိုပိုမိုလွယ်ကူစေရန်လူတွေကိုသူတို့ငွေပို့ချင်ရင်ဒါမှမဟုတ်ငွေတောင်းချင်တဲ့အခါလူတွေ QR Code တွေ၊ Payment Links တွေကိုသုံးနိုင်စွမ်းကိုစပြီးစမ်းသပ်နေပါတယ် "လို့ပြောကြားခဲ့တဲ့အတွက် နောက်ပိုင်းမှာ Facebook ဟာ ငွေပေးချေမှုစနစ်တွေမှာပါပိုမိုအဆင်ပြေလာနိုင်မလားစောင့်ကြည့်ရတော့မှာပါ။