07 May 2019
လူငယ် User တွေအသုံးများတဲ့ Social Media Platform တစ်ခုဖြစ်တဲ့ Instagram ဟာ "Join Chat" ဆိုတဲ့ Stories Sticker အသစ်တစ်ခု ကိုထပ်မံထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ ဒီ Sticker ရဲ့ လုပ်ဆောင်ချက်က တင်ထားတဲ့ Stories Post မှာ "Join Chat" Sticker ကိုထည့်ထားမယ်ဆိုရင် အဲ့ Sticker ကို Click လိုက်တဲ့ User တွေဟာ Private Chat Group တစ်ခုဆီကို ရောက်သွားမှာ ဖြစ်ပါတယ်။ Privacy ကို အလေးထားပေးတဲ့ အနေနဲ့ Group Chat ကို Join ချင်တဲ့ User တွေက Post Owner ကို Request လုပ်ပြီးမှ Join နိုင်မှာဖြစ်ပါတယ်။
Instagram ဟာနောက်ပိုင်းမှာ Messaging ဖက်ကို ပိုပြီး အလေးပေးလာတာကိုလည်း တွေ့ရပါတယ်။ Instagram ပဲအသုံးပြုများတဲ့ User အရေအတွက် တဝက်ဟာဆိုရင် Instagram Direct Message ကိုအသုံးပြုလာကြပါတယ်။ ဒီ Instagram Platform ပေါ်မှာပဲ Direct Message အသုံးပြုလာတဲ့ အရေအတွက်ဟာ ဆိုရင်လည်း ၈၅% ထိရှိလာခဲ့ပါပြီ။ ဒီ "Join Chat" Sticker အသစ်ကိုထုတ်ခဲ့တာ ကလည်း အထက်ပါအချက်တွေကြောင့် ထုတ်လိုက်တာလို့ ယူဆလို့ရပါတယ်။
Instagram Platform မှာ Business Run နေတဲ့သူတွေအနေနဲ့လည်း ဒီ "Join Chat" Sticker ကို အကျိုးရှိရှိ အသုံးပြုနိုင်မယ် ဆိုရင် ပိုမိုအားကောင်းတဲ့ Community Connection တောင် တည်ဆောက်လို့ ရပါတယ်။ Product တစ်ခုကို ကြော်ငြာပြီး "Join Chat" Sticker ထည့်ထားပေးခြင်းက Audience တွေနဲ့ နီးကပ်တဲ့ Communicationဖန်တီးနိုင်ပါတယ်။ Product ရဲ့ Detail Information ကိုသိချင်တဲ့ Audience အတွက်ဆိုရင် Chat Group မှာသေချာမေးနိုင်မှာ ဖြစ်တဲ့အတွက် ပိုအဆင်ပြေစေပါတယ် ။ Instagram ကနေ ဒီ Sticker သစ်အတွက် သတင်းအတိအကျတော့ Confirm မဖြစ်သေးပေမဲ့ နောက်ဆုံးကြားသိရတဲ့ Update ဖြစ်ပြီး ထွက်ဖို့ ရာခိုင်နှုန်းတော့ တော်တော်များတယ်လို့ သိရှိရပါတယ်။