logo
myanmar
Business နဲ့ Creator တွေအတွက် Facebook ရဲ့ Option အသစ် Paid Events

Business နဲ့ Creator တွေအတွက် Facebook ရဲ့ Option အသစ် Paid Events

17 Aug 2020

COVID-19 အကြပ်အတည်းကြားမှ စီးပွားရေးလုပ်ငန်းများ တိုက်ရိုက်ဝင်ငွေရ ရှိစေရန်အခြားနည်း လမ်းတစ်ခုဖြစ်တဲ့ Paid Event ကို Facebook ကစတင်လိုက်ပါတယ်။ Facebook ရဲ့ပြောကြားချက်အရ Social Distancing ရှိနေသေးတဲ့ကာလမှာ
စီးပွားရေးအများစုနှင့် Creator များစွာဟာ ၎င်းတို့ရဲ့ဝန်ဆောင်မှုများ ကိုလက်ရှိသုံးစွဲသူများနှင့်ချိတ်ဆက်ရန်နှင့် သုံးစွဲသူအသစ်တွေတိုး ပွားလာနိုင်စေရန်အတွက် Paid Event ကိုဖန်တီးတယ်လို့ဆိုပါတယ်။ စျေးကွက်ရှာဖွေခြင်း၊ ငွေပေးချေခြင်းနှင့် Live Video များကိုပေါင်းစပ်ခြင်းအားဖြင့် Paid Online Event တွေဟာ
End to End Business တွေနဲ့တွေ့ဆုံဖို့လိုအပ်ပါတယ်။


Page တွေဟာ Facebook Live တွေမှာ Event တွေကို Host လုပ်နိုင်ပြီး Audience တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိစေနိုင်ပါတယ်။ ဒါကြောင့် Personal နဲ့အပြန်အလှန်ဆက်သွယ်မှု ပိုမိုစုစည်းရန်အတွက် Messenger Rooms နှင့်အတူ Paid Event ကိုစမ်းသပ်နေပါတယ်။ အပေါ်ကဥပမာမှာ မြင်တွေ့ရသည့်အတိုင်း Option အသစ်ဟာ စီးပွားရေးလုပ်ငန်းတွေနှင့် Creator များအားသူတို့ရဲ့ Online Event များကို Facebook အတွက် တိုက်ရိုက် Access လုပ်နိုင်မှာဖြစ်ပါတယ်။ Purchase Access ကိုနှိပ်ပြီး သင်၏ In-app Setting များကနေတစ်ဆင့် ကလွယ်ကူချောမွေ့စေသော In-stream Payment Process ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။


ဒီ Option ကိုတော့ Facebook ဟာ နိုင်ငံပေါင်း နှစ်ဆယ်မှာအသုံးပြုလို့ရအောင်စမ်းသပ်သွားမှာဖြစ်ပြီး Partner Monetization Policies နဲ့ကိုက်ညီတဲ့ Page တွေမှာပဲအသုံးပြုခွင့်ရမှာဖြစ်ပါတယ်။


Recent posts