အခု Twitter စမ်းသပ်နေတဲ့ Update လေးမှာဆိုရင် Retweet Reply တွေကို ပြန်လည် Reply လုပ်တဲ့ Layout ပုံစံကို ပြင်ဆင်ဖို့ပဲဖြစ်ပါတယ်။ ဒီ Update ဟာ အတည်ပြုဖို့အတွက်တော့ နောက်ဆုံး အဆင့်နီးပါးတော့ ရှိနေပါပြီ။ အခုလက်ရှိမှာတော့ Twitter ဟာ မတူညီတဲ့ Option Design တွေနဲ့ပြုလုပ်စမ်းသပ်နေ ပါတယ်၊ ဒီ Option Design တွေကို ပြုလုပ်နေတာကတော့ Retweet Reply တွေအတွက် Engagement ပိုရလာအောင်အသေးစိတ်ပြုလုပ်နေတယ်လို့ ယူဆနိုင်ပါတယ်။ လက်ရှိ Update တွေကိုထည့်သွင်းစဉ်းစား နိုင်ဖို့ အချက်တွေကတော့ Retweet Reply Layout Design ကို ကွဲပြားတဲ့ Option တွေနဲ့ပြုလုပ်စမ်းသပ် နေခြင်း အပေါ်မှာလေ့လာ ကြည့်ရှုနိုင်ပါတယ်…
အခုလက်ရှိ ပြုလုပ်နေတဲ့ Layout Design ကတော့…
တစ်ဦးခြင်းစီ Retweet လုပ်လာတဲ့ Reply တွေကို လွယ်လွယ်ကူကူ၊ ရိုးရိုးရှင်းရှင်း နဲ့ သိရှိလာနိုင်ပြီး၊ Original Tweet Poster နဲ့ Retweeter တွေရဲ့ ကြားက Communication ဟာအရင်ကထက် ပိုမိုခိုင်ခန့်လာနိုင်ပြီး Retweet Engagement ဟာလည်း အရင်က ထက်ပိုမိုများလာနိုင်ခြေ ရှိပါတယ်။
ဒီRetweet Layout မှာ Color Coding လုပ်ထားတာလေးကတော့ User တွေအနေနဲ့ ကြိုက်နှစ်သက်နိုင်ပြီး တော်တော်လေးကို မျက်စိပသာဒဖြစ်စေပါတယ်။ ဘယ်လိုလည်းဆိုရင်တော့ Original Tweet Poster နဲ့ Retweeter ရဲ့ကြားမှာ Color လေးတွေနဲ့ ဖြစ်သွားမှာဖြစ်ပါတယ်။ သင့်အတွက် Retweet အရောင်က အပြာရောင်ဖြစ်ပြီး၊ တခြားသူတွေရဲ့ Retweet ကတော့ ခရမး်ရောင်နဲ့ ပေါ်ပြပေးသွားမှာဖြစ်ပါတယ်။
Retweet လာလုပ်တဲ့သူတွေ Online မှာရှိမရှိကို သိရှိနိုင်တော့မှာပဲဖြစ်ပါတယ်။ Facebook Messenger တို့လို Online မှာရှိနေတဲ့ User တွေကို Green Dot လေးနဲ့ ပြနေမှာဖြစ်ပါတယ်။ Retweet လုပ်ထားတာကိုကြည့်ပြီးတောင်သိရှိနိုင်မှာဖြစ်ပါတယ်။ ဒီအချက်လေးရဲ့ ကောင်းတဲ့အချက်လေးကတော့ (ဥပမာ. အရေးပေါ်အခြေအနေတစ်ခုကို Retweet လာလုပ်သွားခဲ့မယ်ဆိုရင် အဲ့ဒီ User က Online မှာရှိနေသေးတယ်ဆိုရင် မြန်မြန်ဆန်ဆန် ဆက်သွယ်ပြီး ဖြစ်ပျက်နေတဲ့ အခြေအနေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။) ဒီတော့ Real-Time Engagement အတွက်လည်းပိုမိုကောင်းမွန်လာနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီလို Online ဖြစ်နေတာကို မမြင်စေလိုတဲ့ User တွေအနေနဲ့လည်း Option ထဲဝင်ပြီး ပိတ်ထားနိုင်ပါတယ်။
ဒီတော့ ယခုစမ်းသပ်နေတဲ့ Twitter Reply Layout ပုံစံအသစ်ကို User တွေအနေနဲ့လည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။
Ref – socialmediatoday