logo
myanmar
Post နဲ့ Reel တွေကို ပုံစံသစ် စမ်းသပ်နေတဲ့ Instagram

Post နဲ့ Reel တွေကို ပုံစံသစ် စမ်းသပ်နေတဲ့ Instagram

21 May 2022

Instagram ပေါ်မှာတွေ့ရတယ် Newsfeed တွေရဲ့ Main Feed Display ကို User တွေအတွက် သုံးရတာပိုကောင်းလာနိုင်မယ့် ပုံစံသစ်တွေကို Instagram က Update ထွက်လာဖို့အတွက် စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။


Instagram ရဲ့ Content တွေက TikTok ကလို UI နဲ့တူနေသယောင်ရှိတာကိုလဲ ထပ်မံ သတိပြုမိလာတဲ့ အတွက် Instagram အပေါ် Latest Usage ပိုမိုဖြစ်လာစေဖို့အတွက် ဒီ Update ကိုပြုလုပ်သွားမှာ ဖြစ်ပါတယ်။


Instagram Reels တွေက ပုံမှန် Instagram သုံးနေတာထက် 20% ပိုပြီး အသုံးပြုမှုရှိနေတာဖြစ်တဲ့အတွက် ဒီတွေ့နေကျ UI အစား Full-Screen နဲ့ ပိုပြီး အသုံးပြုရတာကောင်းတဲ့

Scrollable Display တွေကို Update အနေနဲ့ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။


အသစ်တွေ့ရမယ် Instagram ရဲ့ Updated Feeds ကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

Recent posts