13 Sept 2020
ကျောင်းသားတွေဟာအခုချိန်မှာ အရင်လိုပုံမှန်ကျောင်းပြန်တက်ဖို့အဆင်မပြေနိုင်သေးချိန်မှာ Digital Form များကိုအသုံးပြုပြီး စာသင်ကြားမှုတွေပြုလုပ်လာရပါတယ်။ဒါကြောင့် Facebook ဟာ Digital Literacy သင်ကြားမှုတိုးတက်စေရန်နှင့် Online ကသင်ခန်းစာများသို့ဝင်ရောက်လေ့လာအသုံးပြုသူများကိုဘေးကင်းလုံခြုံစေရန်အတွက်အစီအစဉ်သစ်တစ်ခုကိုစတင်ခဲ့ပါတယ်။
COVID-19 ကြောင့်ယခုနှစ်ကျောင်းပြန်တက်နိုင်ဖို့အတွက်အရင်နဲ့မတူခြားနားနေမယ်ဆို နားလည်ပါတယ်။ ယခုဆို ကမ္ဘာတစ်ဝှမ်းရှိမိဘများ၊ ဆရာများနှင့်ကျောင်းသားများသည်စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရပါတယ်။Online ကနေတစ်ဆင့်သင်ကြားမှုနှင့်သင်ယူခြင်းတွေလုပ်ဆောင်တဲ့အခါမှာ အလုပ်နှင့်အိမ်တာဝန်များကို ဟန်ချက်ညီအောင်လုပ်ဆောင်ခြင်းအပါအဝင် အရေးကြီးဆုံးမှာစာသင်ကြားရေးမှာ ပါဝင်သူတွေအားလုံးဘေးကင်းလုံခြုံမှုပဲဖြစ်ပါတယ်။
ယခု Program အသစ်မှာ ကိုယ်ပိုင် Mini site တွေပါဝင် ပြီးကျောင်းသားများ၊ မိဘများနှင့်ဆရာများအတွက်သီးသန့် Section တွေပါဝင်တဲ့ Digital Connection ဆိုင်ရာအမျိုးမျိုးသောသင်တန်းတွေပါဝင်လာမှာပဲဖြစ်ပါတယ်။