logo
myanmar
Instagram’s Story အမိုက်စားတွေ တင်ကြမယ်

Instagram’s Story အမိုက်စားတွေ တင်ကြမယ်

17 Nov 2022

Social Media Platform တစ်ခုဖြစ်တဲ့ Instagram စာမျက်နှာပေါ် Post တွေတင်တဲ့အခါမှာ Reach တွေ Engagement တွေ များများမလိုချင်တဲ့ User ဆိုတာ အနည်းငယ်ပဲရှိမယ်လို့ထင်ပါတယ်။ ဒီတစ်ခေါက်ဖော်ပြပေးချင်တာကတော့ Instagram’s Story မှာ Creative ဖြစ်တဲ့ Story တွေကိုတင်ပြီး User တွေဆီက Reaction တွေကိုဘယ်လိုရယူမလဲဆိုတာပဲဖြစ်ပါတယ်…

Rainbow Text
Instagram ရဲ့ Story မှာစာလေးတွေရေးပြီးတင်လေ့ရှိကျပါတယ်။ ဒီတိုင်းစာအရောင်နဲ့ Background အရောင်လေးတွေပြောင်းပြီးတင်တာကတော့ လူတိုင်းနီးပါးလုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ Rainbow Text လေးတွေလဲတင်လို့ရတယ်ဆိုတာ သင်သတိထားမိပါသလား? ဒီနည်းလေးကနည်းနည်းတော့ ခက်ခဲတဲ့ထဲမှာပါဝင်ပါတယ်။ ကဲဒီတော့ ဘယ်လိုလုပ်ရလဲဆိုတာကို ပြောပြပါမယ်၊ Instagram ရဲ့ Camera ပုံလေးကိုထဲကိုဝင်ပြီး Type ဆိုတဲ့ Function လေးကိုဝင်ပြီး ရေးချင်တဲ့စာကို ရေးပြီး Select မှတ်ပြီး အောက်က Color လေးတွေပေါ်လာပြီဆိုရင် ဖိထားလိုက်ပါ အရောင်တစ်ခုခုကို၊ ဖိထားပြီးရင် Color တွေစိတ်ကြိုက်ရွေးချယ်လို့ရမယ့် Color Picker တစ်ခုကျလာပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းက လက် ၂ ဖက်လုံးကိုအသုံးပြုမှရမှာပါ။ဖုန်းကို အောက်ကိုချထားပြီး ရေးထားတဲ့စာရယ် Color Picker ကို ဖိပြီးကြိုက်နှစ်သက်ရာ အရောင်လေးတွေကို ရွေးချယ်ပြီး Creative ဖြစ်တဲ့ Story လေးတစ်ခုကို တင်နိုင်မှာပဲဖြစ်ပါတယ်။

Layering
ဒီနည်းလမ်းလေးကလဲ တကယ်မိုက်တဲ့နည်းလေးတစ်ခုဆိုလည်း မမှားပါဘူး။ ကဲဘယ်လိုဖန်တီးရမလဲဆိုရင်တော့ Instagram’s Story ရဲ့ Camera မှာ Effect တွေမျိုးစုံရှိတာတော့ သတိထားမိလောက်မှာပါ။ဒီနည်းလမ်းလေးကတော့ ရိုးရှင်းပါတယ်၊ ပုံတင်မယ်ဆိုရင် မိမိကြိုက်တဲ့ Effect လေးရွေးပြီး Save လုပ်ပါ။ပြီးရင် Facebook’s Story မှာရှိတဲ့ Layering Effect လေးတွေနဲ့ပေါင်းစပ်ပြီး Creative ဖြစ်တဲ့ Effect တွေပေါင်းထားတဲ့ Layering Story လေးတစ်ခုကိုဖန်တီးနိုင်ပြီးပဲဖြစ်ပါတယ်။


ကဲ Instagram’s Story မှာ Creative ဖြစ်တဲ့ Story လေးတွေကိုဖန်တီးပြီး Reach တွေ Engagement တွေလည်း များများပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Recent posts