မကြာသေးခင်ကကြေညာခဲ့တဲ့ Oppo ရဲ့ ထူးခြားဆန်းသစ်တဲ့ Motorized Camera နည်းပညာကိုသုံးထားတဲ့ Oppo Find X၊ နောက်ဆုံးပေါ်တွေကိုမှကိုင်ချင်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက် ဒီ Oppo Find X ကလုံးဝလန်းနေမှာပါ။ ကဲဒီတော့ Order မှာ မယ့်မိတ်ဆွေတွေရော၊ ဝယ်မယ့်လိုဆုံးဖြတ်ထားတဲ့မိတ်ဆွေတွေအတွက်ပါ  သိထားသင့်တဲ့ Oppo Find X ရဲ့ Specification လေးတွေကို ဖော်ပြလိုက်ပါတယ်။

Processor

ဒီ Oppo Find X မှာ Chipset ကို Qualcomm SDM845 Snapdragon 845 သုံးထားပြီး CPU ကိုOcta-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) အသုံးပြုပေးထားတာဖြစ်တဲ့ အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။

Display

Oppo Find X ရဲ့ AMOLED Display နဲ့ဖွဲ့စည်းတည်ဆောင်ထားပြီး 1080 x 2340 Pixelsနဲ့ Screen Size ကတော့ 6.46 inches ရှိပါတယ်။ Edge To Edge Display  လူတွေရဲ့ စိတ်ဝင်စားမှုအများဆုံးအပိုင်းကတော့ Body ပေါ်မှာ Camera ကို လုံးဝတွေ့ရမှာမဟုတ်ပါဘူး၊ ဘယ်ရောက်သွားတာလဲဆိုတော့? သူက Camera အသုံးပြုတော့မယ်ဆိုမှ Phone  ရဲ့ အပေါ်ဘက်ကနေ Pop-up Camera လေးထွက်လာတာပဲဖြစ်ပါတယ်။ အဲ့ဒီအချက်ကတော့ တော်တော်မိုက်တဲ့ အချက်လေးပါ။

Camera

Oppo Find X ရဲ့ Camera ကအလန်းဆုံးအပိုင်းပါပဲ။ Primary Camera ကို Dual: 16 MP (f/2.0, 1/2.6″, 1.22µm, PDAF, OIS) + 20 MP (f/2.0, 1/2.8″, 1.0µm), Phase Detection Autofocus, Dual-LED Dual-Tone Flash အသုံးပြုထားပြီး၊ Secondary Camera ကိုတော့ 25 MP (f/2.0) အသုံးပြုထားပါတယ်။ Video တွေကိုလည်း 2160p@30fps, 1080p@240fps, 720p@480fps စတဲ့ Frame Per Second တွေနဲ့ ရိုက်နိုင်ဖြစ်တဲ့ အတွက် Phone နဲ့ Photo, Video တွေရိုက်ရတာနှစ်သက်တဲ့ သူတွေအတွက်ဆိုရင်တော့ကွက်တိပါပဲ။

Memory

Oppo Find X ရဲ့ Internal Storage နဲ့ Memory ကတော့ 256 GB နဲ့  8GB ပါဝင်ပါတယ်။ နောက်ထပ် Internal Storage 128 GB, RAM 8GB အမျိုးအစားဆိုပြီးလဲထွက်ရှိသေးတဲ့ အတွက် လူကြီးမင်းတို့ ကြိုက် နှစ်သက်ရာကို ရွေးချယ်ဝယ်ယူလို့ရနိုင်တာပေါ့။

Operating System

Oppo Find X ရဲ့ Operating System ကိုတော့ Android 8.1(Oreo) ကိုအသုံးပြုထားပါတယ်။

Sensor

Oppo Find X ရဲ့ Sensor တွေမှာ Fingerprint Sensor တော့မပါဝင်ပါဘူး။ Pop-up Camera လေးရဲ့ စွမ်းဆောင်ရည် မြင့်မားမှုကို သက်သေပြချင်တဲ့အတွက် Face ID ကိုထည့်သွင်းအသုံးပြုထားပါတယ်။ အခြား Sensor တွေကတော့ Accelerometer, Gyro, Proximity, Compass စတဲ့ Sensor တွေပါဝင်ပါတယ်။

Battery

Oppo Find X ရဲ့ Battery ကိုတော့ Non-removable Li-Ion 3730 mAh battery ကိုအသုံးပြုထားပြီး၊ Fast Charging ကို Support ပေးပြီး Charger Cable Type က Type C ဖြစ်ပါတယ်။

Sound

Oppo Find X ရဲ့ Sound System မှာတော့ Alert Type ကို Vibration; MP3, WAV Ringtones တွေအသုံးပြုနိုင်ပါတယ်။ Earphone ကတော့ 3.5mm Jack မပါတော့ပါဘူး။

Colour

Oppo Find X ရဲ့ အရောင်တွေကတော့ Bordeaux Red နဲ့ Glacier Blue ဆိုပြီးနှစ်ရောင်ထွက်ပါတယ်။ နှစ်ရောင်စလုံးက ရောင်ပြန်တွေနဲ့ အရမ်းကိုလှပါတယ်။

Ref – gsmarena

Leave a Reply

social sharing buttons