ဒီတစ်ခေါက်မှာတော့ Facebook ကိုအားပြုပြီး Business Run နေတဲ့ Creator တွေအတွက် တော်တော်ကို အသုံးဝင်မယ့်လို့ ထင်ရတဲ့ Update မျိုးကို Facebook ကစမ်းသပ်နေတဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါကဘာလဲဆိုရင်တော့ ကိုယ့်ရဲ့ Page မှာတင်တဲ့ Post တွေကို ကိုယ်မြင်စေချင်တဲ့ Audience အပိုင်းအခြားကိုသာမြင်အောင်တင်နိုင်မယ့် “Early access for subscribers” ဆိုတဲ့ Feature ပဲဖြစ်ပါတယ်။

 

ဒီ Feature ကတော့ ကိုယ့်ရဲ့ Page ကို Subscribe လုပ်ထားတဲ့ Audience သာ Post တွေကို အရင်မြင်နိုင်စေမယ့် Feature ပဲဖြစ်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ Content တွေကို Subscribe မလုပ်ပဲကြည့်နေတဲ့ Audience ကိုနှိပ်ကွပ်နိုင်မယ့် နည်းလမ်းလဲ ဖြစ်လာနိုင်ပါတယ်။ ဒီ “Early access for subscribers” နဲ့တင်မယ့် Post တွေက အချိန်အပိုင်းအခြားတွေထားပြီးတင်ရမှာပဲ ဖြစ်ပါတယ်။ Permanent မတင်နိုင်သေးပေမယ့် ၂၄ နာရီ၊ ၄၈ နာရီ နဲ့ ၁ ပတ် အထိထားနိုင်မှာဖြစ်ပါတယ်။ Permanent မဟုတ်ရင်တောင် ၁ ပတ်ဆိုတာက တော်တော်ကြာတဲ့ အချိန်ပမာဏ တစ်ခုပဲ ဖြစ်ပါတယ်။

 

ဒီတော့ ကိုယ့်ရဲ့ Exclusive Post တွေကို ကိုယ့် Subscriber တွေအတွက် အလေးထားပြီးတင်ချင်တဲ့ အခါမျိုးတွေမှာ ဒီ “Early access for subscribers” ကိုသုံးပြီးတင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Feature ထဲမှာ ထဲကန့်ပြီးရွေးချင်တယ်ဆိုရင်တော့ Subscriber အပြင် Top Fan တွေကိုပါ ကန့်သတ်လို့ရပါသေးတယ်။ ကိုယ် ၂၄ နာရီထားပြီးတင်ထားမယ်ဆို Subscriber တွေက အရင်မြင်ပြီး ၂၄ နာရီမှသာ ကျန်တဲ့ Audience တွေက အဲ့ဒီ Post ကိုမြင်ရမှာပဲ ဖြစ်ပါတယ်။

 

ဒီ Update ကတော့ Creator တွေအတွက်တော့ အသုံးဝင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူကြီးမင်းတို့ အမြင်တွေကိုလည်း ပြန်လည်ဖော်ပြပေးသွားနိုင်ပါတယ်။

Leave a Reply

social sharing buttons