logo
myanmar
ပြောင်းလဲမှုအနည်းငယ်ရှိလာတဲ့ Twitter ရဲ့ Night Mode

ပြောင်းလဲမှုအနည်းငယ်ရှိလာတဲ့ Twitter ရဲ့ Night Mode

23 Jan 2019

သင်ဟာ ယခုလက်ရှိ Twitter အသုံးပြုနေတဲ့ User တစ်ယောက်ဆိုရင် Night Mode ရှိတာကိုသိထားမယ်လို့ထင်ပါတယ်။ Twitter ရဲ့ Night Mode ရဲ့ အရောင်ဟာ အမှောင်ဘက် အနည်းငယ်သွားတာကို တွေ့ရမှာပါ။ User တွေရဲ့ Complain တွေကြောင့် ယခုအချိန်မှာဆိုရင် Twitter ဟာ Night Mode ရဲ့ အရောင်ကို ပိုမို မှောင်တဲ့ထားပြီး အပြာရောင်ဘက် သန်းတဲ့ အမှောင်ပုံစံမျိုးနဲ့တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီ Twitter’s Night
Mode ရဲ့ ပုံစံကိုတော့ အောက်ပြပုံတွင်ကြည့်ရှုနိုင်ပါတယ်…

အပြာရောင်ဘက်သန်းတဲ့ အမှောင် Color ကိုဘာကြောင့်ရွေးခဲ့လဲဆိုတဲ့ အကြောင်းရင်းကလည်း Blue Light ဟာလူ့ ခန္ဓာကိုယ်နဲ့ ဦးနှောက် အတွက်လည်း သက်ရောက်မှုရှိတာကိုအောက်ပါပုံမှာ ကြည့်လေ့လာနိုင်ပါတယ်…


Twitter ရဲ့ Night Mode ကိုမတွေ့သေးတဲ့ မိတ်ဆွေတွေ အတွက် Night Mode ဖော်ပုံဖော်နည်းကိုလည်းဖော်ပြပေးပါမယ်။

- Twitter App ထဲဝင်ပါ

- Notification Button ကိုနှိပ်ထားဖို့လိုပါတယ်

- အထက်ပါအချက်တွေကိုပြုလုပ်ပြီးသွားရင်တော့ ညာဘက်အပေါ်ထောင့်က Setting ထဲကိုဝင်ပါ

- Setting ထဲကိုဝင်ပြီးသွားရင် ဘယ်ဘက်အပေါ်ထောင့်က Back Arrow ကိုနှိပ်ပေးပါ

- Display and sound ထဲကိုဝင်ပြီး Night Mode ကိုဖွင့်ပေးလိုက်မယ်ဆိုရင်တော့ Night Mode
အသုံးပြုလို့ရပါပြီ

ဒီ Twitter Night Mode ဟာဆိုရင် iOS အတွက် အသုံးပြုလို့ ရရှိပေးမယ့် Android OS တွေမှာတော့ အသုံးပြုနိုင်အုံးမှာ မဟုတ်ပါဘူး။

Ref - socialmediatoday

Recent posts