
၂၀၁၉ အောက်တိုဘာလ ၁ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ အစိုးရရုံးတွေ၊ ဆက်သွယ်ရေးဌာနတွေနဲ့ IT Devices တွေအားလုံးနီးပါး ယူနီကုဒ်ကို ပြောင်းလဲသုံးစွဲလာပါပြီ။ ဒီလိုအကုန်လုံးနီးပါး ယူနီကုဒ်ကို ပြောင်းလဲ သုံးစွဲလာကြပေမယ့် မသုံးစွဲကြသေးတဲ့ သူတွေကိုလည်းတွေ့မြင်နေရပါတယ်။ ဒီအချက်က အစပိုင်းမှာသိပ်မသိသာပေမယ့် နောက်ပိုင်းပြောင်းလဲလာမယ့် အသစ်အသစ်တွေမှာတော့ ယူနီကုဒ်နဲ့ပဲ လာတော့မှာဖြစ်တဲ့အတွက် အချိန်ကာလတစ်ခုမှာတော့ ယူနီကုဒ်ကို အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ယူနီကုဒ်ရဲ့ ကောင်းကျိုးတွေကတော့ နိုင်ငံတကာမှာ မြန်မာစာကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်မယ်။ Google Service တွေဖြစ်တဲ့ Google Translate, Google Map အစရှိတာတွေကို မြန်မာစာနဲ့ ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်လာမှာဖြစ်ပါတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင်လည်း တခြားနိုင်ငံကသူတွေက မြန်မာကို Translate လုပ်ပြီးပြောတယ်/ရေးတယ်ဆို ရင်လည်း လွယ်လွယ်ကူကူနဲ့ Communicate လုပ်နိုင်လာမယ်။
ကြည့်ရတဲ့အမြင်မှာဆိုရင်လည်း ယူနီကုဒ်က အနည်းငယ်ပိုပြီး ဝိုင်းတာကိုတွေ့ရပြီး ကြည့်ရကောင်းတဲ့ Font Structure ထဲမှာပါဝင်ပါတယ်။ ယူနီကုဒ်မှာ မြန်မာစာ အပြင် မြန်မာ့တိုင်းရင်းသားဘာသာစကားတွေကိုလည်း အခက်အခဲမရှိရေးသွားနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်ဖို့အတွက်ဆိုရင် ကွန်ပျူနည်းပညာတွေနဲ့ ပတ်သတ်တဲ့ ဘာသာစကားပိုင်းမှာလည်း အများကြီးသက်ဆိုင်ပါတယ်။ အရင်တုန်းက ဇော်ဂျီနဲ့ ယူနီကုဒ်ဆိုပြီး နှစ်မျိုးကွဲပြားနေခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတွေအတွက်တော့ အခက်အခဲသိပ်မရှိပေမယ့် အခြားနိုင်ငံသားတွေ မြန်မာစာကို Translate လုပ်တဲ့အချိန်မှာ အခက်အခဲအနည်းငယ် ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ယူနီကုဒ်ကို တရားဝင် အသုံးပြုနေကြပြီ ဖြစ်တဲ့အတွက် အထက်ပါအခက်အခဲမျိုးတွေကိုတော့ ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။
PC နဲ့အသုံးပြုနေတဲ့သူတွေအတွက်ကတော့ Setting ထဲက Time & Language မှာဝင်ရောက် ချိန်ညှိနိုင်ပါတယ်။ Browser တွေအတွက်ဆိုရင် Browser Setting ထဲက Customize Font မှာဝင်နေတဲ့ Font တစ်မျိုးမျိုး (ဥပမာ- Zawgyi Font) တစ်မျိုးမျိုး ရှိနေခဲ့ရင် Default Font ကိုရွေးချယ်ပေးလိုက်ရုံပါ။ ကိုယ်က ယူနီကုဒ်ပြောင်းထားပေးမယ့် စာမမှန်တာတွေမြင်နေခဲ့ရရင်တော့ အဲ့ဒါ ဇော်ဂျီနဲ့ ရေးထားလို့ပဲ ဖြစ်ပါတယ်။ ဒါမျိုး ပြဿနာတွေကိုတော့ Converter တွေနဲ့ ကြည့်ရှုနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ယူနီကုဒ်တွေပဲ အသုံးပြုလာကြတော့မှာ ဖြစ်ပါတယ်။
သင်လည်း ယူနီကုဒ် အသုံးမပြုသေးရသေးဘူးဆိုရင်တော့ ယူနီကုဒ် ပြောင်းလဲအသုံးပြုဖို့ အကြံပြုပါရစေ။