logo
myanmar
Internet လိုင်းမရတဲ့အချိန်မှာ Browser တွေမှာဘာလုပ်နိုင်လဲ?

Internet လိုင်းမရတဲ့အချိန်မှာ Browser တွေမှာဘာလုပ်နိုင်လဲ?

10 Nov 2020

ယခုတစ်ခေါက်မှာတော့ Internet ကိုအဓိက အသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်နေကြတဲ့ အခါမှာကြုံတွေ့ရတတ်တဲ့ Internet လိုင်းကျနေတဲ့ အခါမျိုးတွေမှာ စိတ်ပြေလက်ပျောက် ကစားနိုင်မယ့် Game တစ်ခုကို ဖော်ပြပေးသွားမှာပါ။ Internet ကိုအသုံးပြုလာတာ ကြာတဲ့သူတစ်ယောက်ဆိုရင်တော့ ဒီဂိမ်းကို ရင်းနီးနေမယ်လို့ မျှော်လင့်ရပါတယ်။


အလုပ်လုပ်နေရင်း Internet လိုင်းမမိတော့တဲ့ အချိန်တွေမှာ လူကဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတတ်တဲ့ အခိုက်အတန့်တွေရှိပါတယ်။ အထူးသဖြင့် Chrome Browser ကိုအသုံးပြုတဲ့ သူဆိုရင် လိုင်းကျတဲ့အချိန်မှာ Browser က Active မဖြစ်တော့ပဲ Process တွေအကုန်ရပ်သွားပါလိမ့်မယ်။ အဲ့ဒါကိုမှ တစ်ခုခုထပ်နှိပ်လိုက်မယ် ဆိုရင်တော့ No Internet ဆိုပြီး T-rex ဂေါ်ဇီလာလေး ပေါ်လာပါလိမ့်မယ်။ Space Bar တစ်ချက်နှိပ်လိုက်ရင်တော့ T-rex လေးကစတင်ပြေးပါပြီ၊ လမ်းမှာလည်း အတားအဆီးတွေကို ကျော်ဖြတ်သွားရပါတယ်။ ဒီ T-rex လေးကို Control လုပ်နိုင်မယ့် Key တွေကတော့ Space Bar, Up Arrow နဲ့ Down Arrow တို့ပဲဖြစ်ပါတယ်။


Chrome Browser ပဲဆော့နိုင်တာလားဆိုရင်တော့ မဟုတ်ပါဘူး။ အခြား Browser တွေဖြစ်တဲ့ Firefox, Opera အစရှိတဲ့ Browser တွေမှာတော့ T-rex Game ကို Online အနေနဲ့ ကစားနိုင်ပါတယ်။ T-rex Online ကစားချင်တယ်ဆိုရင် ဒီ Play T-rex Online ကိုနှိပ်ပေးပါ။ T-rex ပုံလေးပေါ်လာတာနဲ့ Space Bar ကိုနှိပ်ပြီး ကစားနိုင်ပါပြီ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အားလပ်ချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် Score ဘယ်သူကပိုများတယ် ဆိုပြီးလည်း ပြိုင်ဆိုင်ဆော့ကစားနိုင်ပါသေးတယ်။


ဒီ T-rex Online ကိုလည်း Chrome Browser မှာလည်း ကစားနိုင်ပါတယ်။ Chrome မှာဆိုရင်တော့ Character တွေမှာ T-rex တစ်ကောင်ထဲမဟုတ်ပဲ Naruto, Santa, Cat အစရှိတဲ့ Character တွေကိုလည်း ရွေးချယ်ပြီး ကစားနိုင်သွားမှာ ဖြစ်ပါတယ်။ Internet နဲ့ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့သူတွေအနေနဲ့ Offline လုပ်ပြီး T-rex ကိုကစားချင်တယ်ဆိုရင် Internet လိုင်းကိုဖြုတ်ပြီး Chrome မှာတစ်ခုခုကို ဝင်လိုက်တာနဲ့ T-rex လေးပေါ်လာပြီး စတင်ကစားနိုင်ပါပြီ။


ဒီဖော်ပြပေးခဲ့တဲ့ အကြောင်းအရာကတော့ Internet လိုင်းကျ/ပျက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ အချိန်မှာ စိတ်ပြေလက်ပျောက် ကစားနိုင်မယ့် Game တစ်ခုဖြစ်ပါတယ်။


Recent posts