logo
myanmar
Copyright မူပိုင်ခွင့်ဆိုတာ ဘာလဲ?

Copyright မူပိုင်ခွင့်ဆိုတာ ဘာလဲ?

02 Sept 2019

Internet Marketing တွေ အများအပြား ခေတ်စားလာတဲ့ခေတ်ထဲမှာ စီးပွားရေးလုပ်ငန်းတွေကို နည်းပညာမျိုးစုံ၊ Platform မျိုးစုံမှာ လုပ်ကိုင်နေကြပါပြီ။ Digital Marketing နယ်ပယ်ထဲမှာ ပါ၀င်တဲ့ SEO, SEM, PPC, YouTube Advertising, Facebook Marketing အစရှိတဲ့ နည်းပညာတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ Product, Service တွေကို ပိုမိုအောင်မြင်လာအောင် လုပ်ကိုင်ကြပါတယ်။ အောင်မြင်မှုအတွက် Content တွေ၊ Graphic တွေ ဖန်တီးပြီး Audience တွေရရှိလာအောင်လုပ်တဲ့ နေရာမှာ Ethic ကိုတန်ဖိုးထားပြီး လုပ်ကိုင်ကြတဲ့ သူတွေရှိသလို၊ ဖြတ်လမ်းကလိုက်ပြီး အောင်မြင်မှုကို အလွယ်နည်းနဲ့ ရအောင်လုပ်တဲ့ သူတွေလဲ ရှိပါတယ်။

တစ်ဦးတစ်ယောက်ရဲ့ မူပိုင်ခွင့် ဖြစ်တဲ့ Copyright ဟာဆိုရင် နိုင်ငံတကာမှာ ဥပဒေ တင်းတင်းကြပ်ကြပ် ပြဌာန်း ထားပါကြပါတယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေ အစရှိတဲ့ လူသားတွေဖန်တီးထားတဲ့ အရာတွေမှာ Copyright ရှိပါတယ်။ ထိုနည်းအတူ Internet ပေါ်က Website တွေ၊ Social Media Platform တွေမှာရှိတဲ့ Content တွေ Graphic တွေကို ပိုင်ဆိုင်တဲ့ Company တွေ၊ ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မပါပဲ ကူးယူအသုံးပြုသူတွေကိုလည်း Copyright Law အရတရားစွဲဆိုလို့ရပါတယ်။ တိုက်ရိုက်ကူးယူတာမဟုတ်ပဲ မှီငြမ်းတာပဲ ဖြစ်ဖြစ် ခွင့်ပြုချက်တောင်းတာပဲ ဖြစ်ဖြစ် ပြုလုပ်မယ်ဆိုရင်တောင် ပိုင်ရှင်/Company ကို Reference, Credit ပေးရပါတယ်။

နိုင်ငံတကာမှာ Copyright တွေကို Law အရ ထိရောက်စွာ အရေးယူလို့ ရနေပါပြီ။ ဒီလိုမူပိုင်ခွင့်ချိုးဖောက်ခြင်း၊ ကျနော်တို့၏ ကိုယ်ပိုင်ဖန်တီးမှုဖြစ်သော Blog Post တွေနဲ့ Graphic တွေကို ခွင့်ပြုချက်မရှိဘဲ ကူးယူအသုံးချ နေခြင်းဖြစ်ရပ်များကို ကျနော်တို့ SEOMyanmar တွင်လဲ စိတ်မကောင်းကြီးစွာ တွေ့ မြင်နေရပါတယ်။ ထို့ကြောင့် SEOMyanmar မှ Blog Post တွေနဲ့ Graphic တွေကို ခွင့်ပြုချက်မရှိဘဲ ကူးယူအသုံးချ နေခြင်းများကို သိက္ခာရှိစွာ Credit ပေးရန်နှင့်၊ တရားမဝင် ကူးယူသုံးစွဲမှုများကို အွန်လိုင်းဥပဒေများအရ အရေးယူသွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

Recent posts