logo
myanmar
Oppo F7 နဲ့ Vivo V9 ရဲ့နှိုင်းယှဉ်ချက်

Oppo F7 နဲ့ Vivo V9 ရဲ့နှိုင်းယှဉ်ချက်

08 Jun 2023

ဒီတစ်ပတ်ဖော်ပြပေးမှာကတော့ Mid Range Smart Phone Brand တွေဖြစ်တဲ့ Oppo နဲ့ Vivo တို့ရဲ့နှိုင်းယှဉ်ချက်ပဲဖြစ်ပါတယ်။ နှိုင်းယှဉ်ပြပေးမယ့် ဖုန်း Model တွေကတော့ Oppo F7 နဲ့
Vivo V9 တို့ပဲဖြစ်ပါတယ်။

Processor

Oppo F7 ကတော့ MediaTek Helio P60 2 Mhz octa-core processor ကိုသုံးထားတာ ဖြစ်ပြီး Vivo V9 ကတော့ Snapdragon 6262.2 Ghz octa-core processor ကိုအသုံးပြုထားပါတယ်။

RAM

Oppo F7 ကော Vivo V9 မှာကော RAM 4 GB ပါရှိပါတယ်။

Operating System

Android 8.1 operating system ကို ဖုန်း၂လုံး စလုံးမှာ အသုံးပြုထားပါတယ်။

Storage

Storage ပိုင်းမှာ ဖုန်း ၂ စလုံးက internal storage 64 GB ပါပြီး external memory card ကိုတော့ 256
GB အထိထည့်သွင်းအသုံးပြု နိုင်ပါတယ်။

Network and Sim Support

ဖုန်း ၂ မျိုးစလုံး duel sim 4G support ပေးပြီး Nano sim အရွယ်အစားကို အသုံးပြုရမှာဖြစ်ပါ တယ်။

Display

Oppo F7 မှာ1080x2200 pixels resolution နဲ့ 6.23 inches screen size ရှိပြီး
Vivo V9 မှာ

တော့ 1080x2200 pixels resolution နဲ့ 6.3 inches screen size ရှိပါတယ်။

Sensors

ဖုန်း ၂ မျိုးစလုံးမှာ Compass/Magnetometer, Proximity Sensor, Accelerometer, Ambient
Light Sensor, Gyroscope ပါ၀င်ပါတယ်။ ဖုန်း ၂ မျိုးစလုံးမှာ Face scanner, Fingerprint

Scanner ပါ၀င်ပါတယ်။

Battery capacity

Oppo F7 မှာ battery capacity 3400 mAh ပါ၀င်ပြီး Vivo V9 မှာတော့ battery capacity 3260 mAh ပါ၀င်ပါတယ်။

Camera

Oppo F7 ရဲ့ camera မှာ flash light နဲ့ နောက်camera 16-megapixel ပါ၀င်ပြီး ရှေ့camera25-megapixel ပါ၀င်ပါတယ်။ Vivo V9 ရဲ့ camera မှာ LED flash နဲ့ နောက် camera 16-megapixel ပါ၀င်ပြီး ရှေ့camera 24-megapixel ပါ၀င်ပါတယ်။ဖုန်း ၂ လုံးစလုံးကတော့Selfie ရိုက်တာ ၀ါသနာပါတဲ့လူတွေအတွက်တော့ သဘောတွေ့စရာပါပဲ။

Price

စျေးနှုန်းကတော့ ဖုန်း ၂ လုံးစလုံး ၃သိန်းနဲ့ ၄သိန်းကြားပတ်ဝန်းကျင်ခန့် မှာရှိပါတယ်။

Colour

Oppo F7 မှာ Diamond Black, Moonlight Silver, Solar Red ဆိုတဲ့ အရောင်တွေကိုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ၊ Vivo V9 မှာ Pearl Black, Gold ဆိုတဲ့ အရောင်တွေကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref - gadgets360

Recent posts