logo
myanmar
အိမ်ထဲမှာပျင်းမနေရစေမယ့် Torrent Site များ

အိမ်ထဲမှာပျင်းမနေရစေမယ့် Torrent Site များ

25 Mar 2020


လက်ရှိကာလ ဘယ်မှမသွားပဲ အိမ်ထဲမှာ လုံခြုံမှုရှိရှိနေထိုင်နေတဲ့ မိတ်ဆွေတွေ ပျင်းမနေရဖို့အတွက် Torrent Site ကောင်းကောင်းလေးတွေကို ဝေမျှသွားပါမှာဖြစ်ပါတယ်...

ဒီအကြောင်းအရာကို မဖော်ပြခင်မှာ Torrent Site ဆိုတာကို အရင်ပြောပြချင်ပါတယ်။ Torrent Site ဆိုတာက မိတ်ဆွေတို့လိုအပ်တဲ့ Software, Game, Book, Movie, TV Show အစရှိတာတွေကို အင်တာနက်ပေါ်ကနေ Download ပြုလုပ်နိုင်သွားနိုင်မယ့် Site တွေကို Torrent Site လို့ ခေါ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ လူသုံးများပြီး အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ Torrent Site တွေကို ဖော်ပြပေးချင်ပါတယ်။

The Pirate Bay

The Pirate Bay ကတော့ လက်ရှိအချိန်မှာ Torrent Site တွေရဲ့ ဘုရင်လို့တောင် တင်စားထားကြတဲ့ Site တစ်ခု ဖြစ်ပါတယ်။ The Pirate Bay Website ရဲ့ Interface က ရိုးရှင်းပြီး User တွေစိတ်ကျေနပ်သွားမယ့် ပုံစံမျိုးဖြစ်အောင် တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ ဒီ Site ထဲမှာ မိတ်ဆွေတို့ ရှာချင်တဲ့ Movie, TV Show, Web Series, Games, Software အစရှိတာတွေကို Download ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။


LimeTorrents

ဒီ LimeTorrents ဟာဆိုရင်လည်း အကောင်းဆုံး Torrent Site စာရင်းဝင်ထားတဲ့ Site တစ်ခု ဖြစ်ပါတယ်။ ဒီ Site ရဲ့ Interface ကိုလည်း ဆန်းသစ်တဲ့ Design နဲ့ဆောက်လုပ်ထားတာကို တွေ့မြင်ရပါတယ်။ ဒီ Site မှာ Down နိုင်မယ့် အရာတွေကိုလည်း Site ရဲ့ Interface မှာ ဖော်ပြပေးထားပါသေးတယ်။


Zooqle

သင်က Movie Crazy တစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင်တော့ ဒီ Zooqle ဆိုတဲ့ Torrent Site က သင့်အတွက် အကောင်းဆုံး Site တစ်ခုဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီ Site ထဲမှာက Latest Movie, TV Shows, Web Series တွေ စုံစုံလင်လင် Download ပြုလုပ်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီ Site ရဲ့ Interface ကလည်း အခြား Torrent Site တွေရဲ့ Interface ကွဲထွက်နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။


IsoHunt

IsoHunt ဟာဆိုရင်တော့ များပြား Torrent Site တွေရဲ့ Data ကိုကြည့်ရှုနိုင်မယ့် Site တစ်ခု ဖြစ်ပါတယ်။ IsoHunt ရဲ့ Interface က Design ခပ်ဆန်းဆန်းနဲ့ တည့်ဆောက်ထားပြီး Popular ဖြစ်နေတဲ့ Torrent Content တွေကို List အနေနဲ့ လုပ်ထားပေးတာကို တွေ့ရပါမယ်။ Torrent Site တွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ သတင်းတွေ အားလုံးနီးပါးကို ဒီ IsoHunt မှာ ရှာဖွေနိုင်ပါတယ်။


တစ်ခုခုဆို အင်တာနက်ပေါ်ပြေးရှာတတ်တဲ့ မိတ်ဆွေတွေအတွက် ဒီ Torrent Site တွေက အကြောင်းအရာ ပိုမိုတိကျစွာနဲ့ ရှာဖွေနိုင်မယ့် Site တွေပဲ ဖြစ်ပါတယ်။

Recent posts