Digital ခေတ်ကြီးထဲမှာ Business တော်တော်များများက Digital Marketing အကူအညီနဲ့ လုပ်ကိုင်နေကျပါပြီ။ ဒီလိုမျိုး Digital လုပ်ငန်းတွေအတွက်ဆိုရင် အကူအညီပေးနိုင်မယ့် Tool တွေကိုလည်း အသုံးပြုဖို့ လိုအပ်တယ်နော်။ Digital Tool တွေရှာဖွေနေသူလား? ဒါမှမဟုတ် လေ့လာချင်နေတဲ့သူလား? ကဲအောက်က Tool လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ…

 

  1. Newton 

 

ဒီ Application လေးကတော့သင့်ရဲ့ Client Email တွေကိုတစ်နေရာထဲတစ်စု တစ်စည်းထဲထည့်သွင်းပေး ပါတယ်။ သင့်ရဲ့ Email ကိုဖတ်ပြီးမပြီးကိုလည်းခြေရာခံလို့ရပါသေးတယ်။

 

 2 .Slack

 

ဒီ Application လေးကတော့ Company တို့ Organization လိုမျိုးတွေအတွက်အဆင်ပြေလွယ်ကူစေမဲ့ app တစ်ခုပါ။ သင့်ရဲ့ Message တွေ File တွေကိုတစ်ဦးချင်းစီ ဒါမှမဟုတ် Group လိုက်ပေးပို့လို့ရပြီး အသုံးပြုရတာလွယ်ကူစေပါတယ်။

 

  1. Grammarly

 

သင့်ရဲ့ Client တွေ လုပ်ဖော်ကိုင်ဖက်တွေကိုပေးပို့မဲ့ Email, Message, Document မှာရေးသားထားတဲ့ grammar တွေကို ပြီးပြည့်စုံအောင် စစ်ဆေးပေးမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ Application ပါပဲ။

 

  1. Cisco Spark

 

သင့်ဟာတစ်နေ့တာမှာ Meeting များစွာကိုဦးဆောင်ရသူဆိုရင်တော့ဒီ Application ဟာအဖော်မွန်ပါပဲ။ မနက်တိုင်းမှာသင်ရဲ့ Meeting နဲ့ပက်သက်တဲ့ Information တွေကို Message ပေးပို့ပေးမှာဖြစ်ပါတယ်။

 

  1. Pocket

 

ဒီ Application ကတော့သင်မဖတ်ရသေးတဲ့ Article တွေကို Save လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ထူးခြား တဲ့အချက်ကတော့ အလိုအလျောက်အသံထွက်ပြီး ဖတ်ပြနိုင်တာပါ။ဥပမာ – သင် ကားမောင်းနေ စဉ်ဖတ်ပြတာမျိုးပါ။

 

  1. Stay Focused

 

သင့်အတွက် အသုံးမလိုတဲ့ Website တွေ  Subdomain တွေကို Block လုပ်လို့ရတဲ့ Application ပါ။ ဘယ် Site ပေါ်မှာအချိန်ဘယ်လောက်ကုန်ဆုံးမယ်ဆိုပြီးလည်း Limit လုပ်လို့ရပါသေးတယ်။

 

ယခုဖော်ပြခဲ့တဲ့ Tools လေးတွေက သင့်အတွက် လုပ်ငန်းခွင်မှာ အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။

 

Leave a Reply

social sharing buttons