logo
myanmar
2020 အကောင်းဆုံး Ringtone Maker App (၃) ခု

2020 အကောင်းဆုံး Ringtone Maker App (၃) ခု

08 Jun 2020

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာက Android ဖုန်းတွေအတွက် 2020 မှာအကောင်းဆုံး Ringtone Maker App တွေပဲ ဖြစ်ပါတယ်။ ဒီ App တွေက ကိုယ့်ဖုန်း Ringtone ကိုသူများနဲ့မတူအောင်ထားချင်တဲ့ မိတ်ဆွေတွေ၊ Default Ringtone တွေကိုမနှစ်သက်တဲ့ မိတ်ဆွေတွေအတွက်တော့ အကျိုးရှိစေမယ်လို့ မျှော်လင့်မိပါတယ်။ ကဲဒီ App တွေကတော့…



Ringtone Maker

ဒီ App ကိုတော့ Android အသုံးပြုသူတိုင်းရင်းနီးမယ်လို့ ထင်ပါတယ်။ ခေတ်တော်တော်များများ အထိ အကောင်းဆုံး Ringtone Maker App အဖြစ်နဲ့ရပ်တည်လာတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ App ကို Google Play Store မှာ Free Download ရယူနိုင်ပါတယ်။ လက်ရှိအချိန်ထိလည်း အကောင်းဆုံး Android Ringtone Maker App စာရင်းထဲမှာ ပါဝင်နေဆဲပါ။ MP3, FLAC, OGG, WAV, AAC, MP4m 3GPP/AMR, and MIDI files တွေကို Support ပေးပါတယ်။


Music Cutter

နောက်ထပ် Android Ringtone Maker App တစ်ခုကတော့ Music Cutter ပဲဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ Music တွေ စိတ်တိုင်းကျ Ringtone ဖြတ်တောက်နိုင်ပါတယ်။ ဒီ App ကို Google Play Store မှာ Free Download ရယူနိုင်ပါတယ်။ Support ပေးနိုင်တဲ့ Format တွေကတော့ MP3, AAC, MP4, WAV, 3GPP တို့ပဲဖြစ်ပါတယ်။


Ringtone Cutter

ဒီ Ringtone Maker App က Android ဖုန်းတွေမှာ Ringtone တစ်ခုကို လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App က 2020 အကောင်းဆုံး Ringtone Maker App တစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။ Output Format တော်တော်များများကို ထုတ်နိုင်ပြီး Ringtone တစ်ခုကို မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။


ဖောက်ပြခဲ့တဲ့ App တွေကတော့ 2020 မှာ Android ဖုန်းတွေအတွက် အကောင်းဆုံး Ringtone Maker App တွေပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ ကိုယ်တိုင်အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ Ringtone Maker App တွေရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါအုံး။


Recent posts