logo
myanmar
Social Media Branding မှာ အသုံးဝင်မယ့် Logo Design Tips အချို့

Social Media Branding မှာ အသုံးဝင်မယ့် Logo Design Tips အချို့

24 Aug 2018

ယနေ့ခေတ် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာတွင် Social Media ကလည်းအရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ်ရပ်တည်နေပါပြီ။ Social Media မှာ လုပ်ငန်းလုပ်ခြင်းဟာ ပြန့်နှံ့လွယ်ကူစေပါတယ်။ ကောင်းတာပဲဖြစ်ဖြစ်
ဆိုးတာပဲဖြစ်ဖြစ် ပြန့်နှံ့မှု နှုန်းဟာအလွန် လွယ်ကူတဲ့ အတွက် လုပ်ငန်းလုပ်ဆောင်တဲ့ အခါမှာလည်း အမှား
ကင်းဖို့လိုအပ်ပါတယ်။ ဒီတော့ သင့်ရဲ့ လုပ်ငန်းကို Audience တွေဆီကို ထိုးဖောက်နိုင်မဲ့ Web Page/Facebook Page အစရှိတဲ့ Platform တစ်ခုခုကိုအသုံးပြုဖို့တော့ လိုပါလိမ့်မယ်။ သင့်လုပ်ငန်းကို လုပ်ဆောင်ဖို့ Platform မှာ အဓိက ကျတဲ့အရာကတော့ Logo ပဲဖြစ်ပါတယ်။ ဒီ Logo ပြုလုပ်တာဟာ ဘာမှမခက်ခဲဘူးလို့ ထင်ရပေမဲ့ မိမိလုပ်ငန်းနဲ့ ကိုက်ညီပြီး စစ်မှန်တဲ့ Logo တစ်ခုရရှိဖို့ ကတော့ အချိန်ယူပြီး တိကျမှု ရှိပါလိမ့်မယ်။

၁. တိကျကိုက်ညီတဲ့ အချိုး

သင့်လုပ်ငန်းမှာ ကောင်းမွန်ပြီးပြည့်စုံတဲ့ Logo တစ်ခုရှိနေပြီပဲဆိုပါစို့၊ ဒါပေမဲ့ အဲ့ဒီ Logo က Social Media
Platform တစ်ခုပေါ်ကိုတင်လိုက်တဲ့ အခါမှာ ဘာပုံစံမှန်းမသိအောင်သေးနေမယ်ဆိုရင် သင့်လုပ်ငန်းအတွက် ထိခိုက်မှုအနည်းအများရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ Logo ပြုလုပ်တဲ့ အခါမှာ တိကျသေသပ်တဲ့ အချိုးလိုအပ်ပါတယ်။ Social Media Platform တွေမှာ တစ်ခုနဲ့ တစ်ခု Logo Size တွေက ကွဲပြားရှိတဲ့ အတွက်ကြောင့်ပါ ဥပမာ - Facebook, Instagram, Twitter အစရှိတဲ့ Social Media Platform တွေမှာ Logo Size ဟာ စတုရန်းပုံသဏ္ဍာန် ရှိနေတတ်ပါတယ်။ ဒါကြောင့်မို့ Logo တစ်ခုပြုလုပ်ရေးဆွဲနေတဲ့ အချိန်မှာ
စစ်ဆေးမှုကို နှစ်ခါ၊ သုံးခါ လောက်ပြုလုပ်ဖို့လိုအပ်ပါတယ်။

၂. အရောင်

Logo တစ်ခုမှာ အရောင်ဟာဆိုရင်လည်း အရမ်းကိုစကားပြောပါတယ်၊ Logo မှာပါတဲ့ ပုံ(သို့) စာဆိုရင်
ဒီတိုင်းသာမန်ပြုလုပ်ထားတာနဲ့ ကိုက်ညီမှုရှိတဲ့ အရောင်ကိုသုံးထားတဲ့ Logo ဆိုရင် ကြည့်ရတာအရမ်းသိသာပါတယ်။ ဒီတော့ Logo ပြုလုပ်မယ်ဆိုရင် မိမိ ပြုလုပ်မယ့် Logo နဲ့ ကိုက်ညီမယ့်အရောင်ကို ရွေးချယ်ဖို့လိုအပ်ပါတယ်။

၃. ရိုးရှင်းပြီး အများနဲ့မတူပါစေနဲ့

သင့်လုပ်ငန်းရဲ့ Logo ဟာကြည့်လိုက်တာနဲ့ ရိုးရှင်းပြီး Audience တွေရဲ့ စိတ်ထဲ စွဲထင်နေစေဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ Logo ပြုလုပ်တဲ့ အခါမှာ အများနဲ့ မတူတဲ့ Idea ကို ရိုးရှင်းပြီး ကြည့်လိုက်သူရဲ့ စိတ်ထဲမှာစွဲထင်နေစေမယ့် Logo တစ်ခုဖြစ်အောင် သေသေချာချာ စဉ်းစားပြီး ပြုလုပ်ဖို့လိုအပ်ပါတယ်။

အထက်ပါအချက်တွေဟာ သင့်လုပ်ငန်းအတွက် Logo ပြုလုပ်တဲ့ အခါမှာ မရှိမဖြစ်လုပ်ဆောင်ရမယ့်အခြေခံအချက်လေးတွေဆိုလည်း မမှားပါဘူး။ ဒီေတော့ သင့်လုပ်ငန်းအတွက် ကိုက်ညီမယ့် Logo Design လေးတွေပြုလုပ်မယ်လို့ မျှော်လင့်ပါတယ်။

Ref - medium

Recent posts