မိတ်ဆွေတို့အတွက် Message တွေကို ကိုယ်လိုချင်တဲ့ အချိန်တွေကို Schedule လုပ်ပြီးပို့နိုင်မယ့် နည်းလမ်းနဲ့ Application အချို့ကို ၀ေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းတွေက Android Smartphone တွေမှာလုပ်နိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်…

 

 

 

ပထမဆုံး လုပ်ရမှာကတော့ သင့်ဖုန်းရဲ့ Default Messaging System ကို Disable လုပ်ပေးဖို့လိုအပ်ပါတယ်။ Setting ထဲကိုသွားပြီး Sound & Notification>App Notification>Turn off message app notification ဒီအချက်တွေကို လုပ်ဆောင်ပေးပါ။

 

 

 

နောက်ဆက်တွဲ ဆက်လုပ်ရမှာတော့ Textra SMS ဆိုတဲ့ App ကို Download လုပ်ပါ။ ဒီ App ထဲ၀င်ပြီး Schedule လုပ်ပြီးပို့ချင်တဲ့ ဖုန်းနံပတ်ကို ရွေးချယ်ပြီး ပို့နိုင်ပါတယ်။ ဒီနေရာမှာ Schedule Message လုပ်နိုင်ဖို့ဆိုရင် Message Box ရဲ့ ဘယ်ဖက်မှာရှိတဲ့ Plus Button ကိုနှိပ်လိုက်ပါ။ အဲ့အချိန်မှာ Emoji တွေ Photo တွေပို့နိုင်မယ့် နေရာမှာနားမှာ နာရီပုံစံလေးကို ရွေးပြီး Schedule Message လုပ်နိုင်ပါတယ်။

 

 

 

နောက်ထက် Schedule Message လုပ်နိုင်မယ့် App တစ်ခုကို ထပ်ပြီး ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ SKEDit Scheduling App ပဲဖြစ်ပါတယ်… ဒီ App ကိုသုံးပြီး Schedule Message လုပ်နိုင်ဖို့ဆိုရင်တော့ SKEDit Scheduling App မှာ အကောင့်တစ်ခု ဖွင့်ရပါတယ်။ အကောင့်ရပြီဆိုရင်တော့ Service ရွေးချယ်တဲ့ အခါမှာ SMS ကိုရွေးချယ်ပေးလိုက်ပါ။ ဒီအချက်တွေကို အောင်အောင်မြင်မြင် လုပ်ပြီးသွားရင်ဆိုရင်တော့ Schedule Message ပို့နိုင်ပါပြီ။

 

 

 

ဒီ App နှစ်ခုကတော့ Android Smartphone တွေမှာ Schedule Message ကောင်းကောင်း လုပ်နိုင်တဲ့ App တွေဖြစ်ပါတယ်။ အခြား App တွေလည်း အများအပြား ရှိသေးတဲ့အတွက် သင်နှစ်သက်ရာကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။ iOS အတွက် Schedule Message လုပ်တဲ့နည်းလမ်းတွေကိုလည်း အလျဉ်းသင့်တဲ့အခါမှာ ဖော်ပြပေးသွားပါမယ်။

 

Leave a Reply

social sharing buttons