logo
myanmar
Recycle Bin ကို Schedule ဘယ်လိုချမလဲ?

Recycle Bin ကို Schedule ဘယ်လိုချမလဲ?

29 Sept 2022

ဒီတစ်ခေါက်မှာ Windows 10 User တွေအတွက် မလိုအပ်တဲ့ Trash File တွေကို Recycle Bin ထဲကနေ Clean ဖို့ကို Schedule လုပ်ထားနိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းက ကွန်ပျူတာကို အမြဲမသုံးတဲ့ သူတွေအတွက် မလိုအပ်ပေးမယ့်...နေ့စဥ်နဲ့ အမျှကွန်ပျူတာကို အသုံးပြုနေတဲ့သူတွေအတွက်ကတော့ အထောက်အကူပြုနိုင်ပါတယ်။ Trash File တွေကို Clean ပေးခြင်းက Series အမြင့်ကွန်ပျူတာတွေအတွက် မလိုအပ်လောက်ပေမယ့် သုံးရတာလေးတယ်၊ ဟန်းတယ်ဆိုတဲ့ ကွန်ပျူတာတွေအတွက်တော့ အနည်းငယ်ပေါ့ပါးသွားစေနိုင်ပါတယ်။ Manual အနေနဲ့ Recycle Bin ကို Clean ပေးတာက နေ့စဥ်နှင့်အမျှဆိုရင် မေ့သွားတာမျိုးတွေ ဖြစ်သွားပါတယ်။ ဒါကြောင့် ရုံးဆင်းခါနီး၊ ကွန်ပျူတာ အသုံးပြုပြီးခါနီး အချိန်တွေကို Schedule လုပ်ထားပေးမယ်ဆိုရင်တော့ နည်းနည်း Productive ဖြစ်လာနိုင်ပါတယ်။ ကဲပြောနေတာလည်းများနေပြီဆိုတော့ Schedule လုပ်နည်းကို ဖော်ပြပေးပါမယ်…


အဆင့် (၁)

သင့်ကွန်ပျူတာပေါ်မှာ Shortcut ရှိမယ်ဆိုရင် Task Scheduler App ကိုဖွင့်ပါ။ မရှိဘူးဆိုရင်တော့ Commend နဲ့ခေါ်ဖို့ “Windows+R” ကိုနှိပ်ပြီး taskschd.com ဆိုတဲ့ Commend ရိုက်ပြီးခေါ်နိုင်ပါတယ်။


အဆင့် (၂)

Box ကျလာပါရင် “Create Basic Task” ကိုရွေးပါ။


အဆင့် (၃)

“Create Basic Task Wizard” Box ကျလာပါက Name မှာ “Auto Clean Recycle Bin” နဲ့ Description မှာ “Automatically clean the Recycle Bin every week” လို့ရေးပေးပါ။ ဒီအချက်တွေပြီးရင် “Next” ကိုနှိပ်ပေးပါ။


အဆင့် (၄)

“Next” နှိပ်ပြီးပါက “Weekly” ဆိုတဲ့ Tab ပေါ်လာပါမယ်။ အထဲက Option တွေကိုသင့်စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။


အဆင့်(၅)

“Start a Program” မှာပုံထဲကဖော်ပြထားတဲ့အတိုင်းရေးပေးပါ။ ဒါပေမဲ့ ညာဘက်က အနီရောင်ဝိုင်းထားတဲ့ Box မှာတော့( /c "echo Y|PowerShell.exe -NoProfile -Command Clear-RecycleBin" ) ကိုရေးပေးရပါမယ်။ ဒီအချက်တွေပြီးရင် “Next” ကိုနှိပ်ပေးပါ။


အဆင့် (၆)

စစ်ဆေးစရာတွေ စစ်ဆေးပြီးရင် “Finish” ကိုနှိပ်ပေးပါ။


အဆင့် (၇)

အဆင့် အားလုံးလုပ်ပြီးပြီဆိုရင်တော့ Task Scheduler Main Window ထဲမှာ “Auto Clean Recycle Bin” ကိုတွေ့ပြီဆိုရင် “Run” ကိုနှိပ်ပြီး Shcedule ချထားနိုင်ပါပြီ။ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။


Recent posts