အင်တာနက်အခက်အခဲတွေ ရှိနေတဲ့အချိန်ကာလမျိုးတွေ အင်တာနက်အခက်အခဲဖြစ်နေတဲ့ကာလမျိုးတွေမှာ Online Game တွေမကစားနိုင်တဲ့ အချိန်တွေမှာ Offline Game တွေကို ရှာဖွေတတ်ကြပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ iOS တွေမှာ ကစားနိုင်မယ့် Offline Game အချို့ကို ဖော်ပြပေးချင်ပါတယ်…

Subway Surfers

ဒီ Game ကတော့ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း Offline Game တွေထဲမှာတော့ နံပတ် (၁) ပါပဲ။ Main Character “Jake” နဲ့ ရထားသံလမ်းတွေပေါ်က Obstacle တွေကို ဖြတ်ကျော်ပြီး ဆော့ကစားရမှာ ဖြစ်ပါတယ်။ ဒီ Game ရဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်တဲ့ အချက်တချက်ကတော့ Event အလိုက် Theme တွေရှိပြီး အသစ်အသစ်တွေ ဖန်တီးပေးတာပဲ ဖြစ်ပါတယ်။ Jake နဲ့ မဟုတ်ပဲ အခြား Character နဲ့ဆော့ကစားသူတွေ အနေနဲ့လည်း Quest တွေ Objective တွေကို Collect လုပ်ပြီး Unlock လုပ်နိုင်ပါသေးတယ်။

Jetpack Joyride

ဒီ Game ကလည်း နာမည်ကြီး Action-Filled Endless Running Game တစ်ခုပဲ ဖြစ်ပါတယ်။ ပြေးလမ်း တစ်လျှောက်မှာရှိတဲ့ အခက်အခဲ အတားအဆီးတွေကို ဖြတ်ကျော်ရင်း Weapon အမျိုးမျိုးနဲ့ တိုက်ခိုက်ရတဲ့ Game တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ အကောင်းဆုံး Offline Game တစ်ခုထဲမှာပါဝင်ပြီး ပရိတ်သတ် အများအပြားရဲ့ အားပေးမှုကို ရယူထားနိုင်တဲ့ Offline Game တစ်ခု ဖြစ်ပါတယ်။

Plants vs. Zombies: 1

ဒီ Game ကတော့ ကျနော်တို့ ငယ်ငယ်တုန်းကတည်း အသဲစွဲ ကြိုက်ခဲ့ရတဲ့ ပန်းသရဲ လို့ ခေါ်ဖြစ်ခဲ့ကြတဲ့ Plants vs. Zombie ပဲ ဖြစ်ပါတယ်။ Game အမျိုးအစားကတော့ Tower Defense နဲ့ Strategy Game အမျိုးအစားပဲ ဖြစ်ပါတယ်။ Plants တွေစိုက်ဖို့ အတွက် Resource တွေကို Sunflower နဲ့ Sun-Shroom တို့ကနေ ရရှိပြီး Zombie တွေလာတဲ့ Way တွေက Strategy ကောင်းကောင်းနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ တစ်ခန်းနိုင်တာနဲ့ Day, Night, Pool, Fog, Roof အစရှိတဲ့ တဆင့်ပြီးတဆင့် မြင့်လာပြီး Level အလိုက် Plant တွေကို စိုက်ပြီး Defense သွားရမှာပဲ ဖြစ်ပါတယ်။ တစ်ခန်းပြီး တစ်ခန်း ရင်ခုန် စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နက်နေတဲ့ Game တစ်ခုလို့လည်း ပြောနိုင်ပါတယ်။

ဒီ Game တွေကတော့ Offline Game တွေထဲမှာ အကောင်းဆုံးနဲ့ ဆော့ကစားရတာ အဆင်ပြေတဲ့ Game တွေပဲ ဖြစ်ပါတယ်။ Internet အခက်အခဲ ဖြစ်နေတဲ့ ကာလမျိုးတွေမှာ Game ဆော့ရတာ နှစ်သက်တဲ့ သူတွေအတွက်ကတော့ ဒီ Game တွေက အဆင်ပြေစေမယ့်လို့ မျှော်လင့်မိပါတယ်။

Leave a Reply

social sharing buttons