logo
myanmar
လုပ်ငန်းသေးတွေအတွက် သက်သက်သာသာနဲ့ ထိရောက်စေတဲ့ Marketing Tips အချို့

လုပ်ငန်းသေးတွေအတွက် သက်သက်သာသာနဲ့ ထိရောက်စေတဲ့ Marketing Tips အချို့

27 Dec 2020

သင့်ရဲ့ လုပ်ငန်းက လုပ်ငန်းကြီးတစ်ခုမဟုတ်ပေမဲ့ အောင်မြင်လာဖို့အတွက်ဆိုရင်တော့ Small Business တွေအတွက် အကုန်အကျသက်သာပြီးထိရောက်တဲ့ Marketing နည်းလမ်းတွေနဲ့ Advertise လုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြသွားမဲ့ Tips တွေကိုတစ်ချက်လောက်ဖတ်စေချင်ပါတယ်။

Infographic လုပ်ခြင်း
Infographic တွေကတော့ လက်ရှိကာလမှာ သက်တောင့်သက်သာနဲ့ Customer တွေကိုမငြီးငွေ့ သွားစေပဲ၊ မြင်ရုံနဲ့ နားလည်လွယ်စေတဲ့ အချက်တွေကြောင့်လည်း Online မှာ Customer တွေနှစ်သက်တဲ့ အရာတစ်ခုအဖြစ်လည်း ရပ်တည်နေပါတယ်။

Blog ရေးခြင်း
သင်စီးပွားရေးလုပ်နေတဲ့ Website မှာ Content တွေကအမြဲတမ်း Update ဖြစ်နေမယ်ဆိုရင် SEO အတွက် အထောက်အပံ့ဖြစ်စေပြီး၊ Content တွေကလည်း Customer တွေအတွက် အသုံးဝင်မဲ့ Content မျိုးဖြစ်ခဲ့မယ်ဆိုရင် သင့်ရဲ့ Website ဟာသင့်ရဲ့ စီးပွားရေးနယ်ပယ်မှာ ထောက်ခံမှုရှိပြီး အောင်မြင်မှုရရှိလာမဲ့ အခွင့်အရေးတွေအများကြီး ရရှိလာနိုင်ပါတယ်။

Podcast လုပ်ခြင်း
ဒီ Podcast လုပ်ပေးခြင်းကတော့ သင့်ရဲ့ အသံနဲ့ Customer တွေရဲ့လိုအပ်ချက်တွေကို ကူညီပြောကြားပေးပြီး၊ Customer တွေရဲ့ အခက်အခဲလိုအပ်ချက်တွေက သင့်ရဲ့ Podcast ကြောင့်အဆင်ပြေအောင်မြင်ခဲ့တယ်ဆိုရင်တော့ သင့်မှာ Customer တွေရဲ့ယုံကြည်မှုနဲ့ အခွင့်အလမ်းကောင်းတွေရရှိလာမှာဖြစ်ပါတယ်။

Social Media ပေါ်မှာလုပ်ကိုင်ခြင်း
နည်းပညာဖွံ့ဖြိုးလာတဲ့ ခေတ်ကြီးမှာ စီးပွားရေးလုပ်ငန်းတိုင်းနီးပါး Social Media တွေပေါ်မှာ Business Run နေကျပါပြီ။ သင့်အနေနဲ့ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို Social Media Channel တိုင်းနဲ့ ချိတ်ဆက်ထားနိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ရလဒ်တော့ရရှိနိုင်မှာဖြစ်ပါတယ်။ သင့်စီးပွားရေးလုပ်ငန်းမှာ လက်ရှိရရှိနိုင်တဲ့ Product/ Service ဒါမှမဟုတ် အသစ်ရရှိနိုင်တဲ့ Product/ Service ကို Up To Date ဖြစ်ဖြစ်နဲ့ Post တင်ခြင်း၊ Content Sharing လုပ်ခြင်းအားဖြင့် Customer Engagement ကိုရရှိနိုင်ပါတယ်။

Consistent ဖြစ်ခြင်း
သင့်ရဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ Website ဖြစ်ဖြစ်၊ Social Media မှာဆိုရင် Facebook, Instagram အစရှိတဲ့ Social Media Platform တွေမှာရှိတဲ့ Information တွေက Consistent ဖြစ်နေဖို့လိုအပ်ပါတယ်။ ဥပမာ – သင့်လက်ရှိ ရုံးတည်နေရာ၊ ဖုန်းနံပါတ်၊ လိပ်စာ အစရှိတာတွေဟာ သင့်ရဲ့ Website, Facebook တို့မှာထည့်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေဖို့လိုပါတယ်။ ဒီလို Consistent ဖြစ်နေမှသာ Customer တွေကလည်း သင့်ရဲ့ လုပ်ငန်းအပေါ်ယုံကြည်မှုရှိနေမှာဖြစ်ပါတယ်။

အထက်ပါအချက်အလက်တွေဟာ Trend ဖြစ်နေတဲ့ Marketing Strategy လေးတွေပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေဟာသင့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် ရလဒ်ကောင်းတွေ အနည်းနဲ့ အများရရှိလာနိုင်မယ့် အချက်လေးတွေဆိုရင်လည်း မမှားပါဘူး။

Recent posts