logo
myanmar
Professional ကျကျ CV ရေးနိုင်မဲ့  Application များ

Professional ကျကျ CV ရေးနိုင်မဲ့  Application များ

02 Oct 2018

မိမိရဲ့ CV Form ကိုအလုပ်ရှင်များမြင်လိုတဲ့အချက်အလက်တွေပြည့်စုံအောင်ပါဝင်သော Professional ဆန်တဲ့ CV မျိုးဖြစ်အောင် ဖန်တီးဖို့အတွက် ဒီ CV Applicationတွေကအထောက်အကူဖြစ်မှာပါ ။ ခေတ်နဲ့အညီလှပပြီးဆန်းသစ်တဲ့အမိုက်စား Template တွေပါပြီး မိမိအလုပ်ရဖို့အခွင့်အလမ်းများစေတဲ့ဒီလို App တွေကိုလေ့လာချင်တယ်ဆိုရင်တော့

1.Curriculum Vitae

ဒီ Application ကတော့လွယ်ကူရိုးရှင်းပြီးသုံးရလွယ်တဲ့ App တစ်ခုပါ။သူ့မှာပါတဲ့ရိုးရှင်းတဲ့ Menu က အမိုက်စား CV တစ်ခုကိုမိနစ်ပိုင်းအတွင်းရဖို့ကူညီပါလိမ့်မယ်။ မတူညီကွဲပားတဲ့အကြောင်း အရာတွေပါဝင်တဲ့ CV တစ်ခုရဖို့ Personal Details, Profile, Work Experience, Education, Languages And Hobbies စတဲ့အကြောင်းအရာတွေထည့်သွင်းပေးထားပါတယ်။ မိမိရဲ့ CV Form ကို pdf File အနေနဲ့ Save လုပ်လို့ရမှာဖြစ်ပါတယ်။ Free Android Application ဖြစ်ပါတယ်

2.My CV

My Cv ကတော့သင့်ရဲ့ CV formဖန်တီးဖို့အတွက် pdf Templates တွေအများအပြားရွေးချယ်စရာရှိတဲ့ App တစ်ခုပါ။သင့်ရဲ့အချက်အလက်တွေကိုရေးသားပြီးပြီဆိုရင် Dropbox Account နဲ့လည်း Sync လုပ်ပြီး Print ထုတ်ပြီးအသုံးပြုလို့ရပါတယ် ။ ဒီ app ရဲ့ထူးခြားတဲ့အချက်ကတော့ Portfolio Web Page နဲ့ Personal Web Address တွေကို Ready Made လုပ်ပြီးရနိုင်တာကြောင့် အလုပ်ရှင်တွေကမိမိ ကိုလေ့လာကြည့်လို့ရပါတယ် ။ ဒီ My Cv app ကတော့ iOS အတွက်ဖြစ်ပြီး Apple Store မှာ Free Download ရယူနိုင်ပါတယ်။

3.My CV maker

ဒီ App လေးကတော့ ရေးပီးသား CV တွေကိုအချိန်မရွေးပြန် ပြီး Edit And Modify လုပ်နိုင်ပါတယ်။ဒီ App သုံးမယ်ဆို ရင်တော့ မိမိရဲ့ CV အတွက်လိုအပ်တဲ့ Information တွေကိုပေးထားတဲ့ Blank Space မှာဖြည့်ပီး pdf အနေနဲ့ Save လုပ်လို့ရပါတယ် ။ မိမိရဲ့ဖုန်းထဲမှာရှိတဲ့ ပုံတွေကိုလဲ Transfer လုပ်ပြီးသုံးလို့ရပါတယ်။မိမိရဲ့ Project အတွက်အသုံးပြုခြင်ရင်လဲ အခြား Tools တွေစုံလင်စွာပါတာမို့ အတော်ကိုပြည့်စုံတဲ့ App ပါပဲ။ Android အတွက်ဖြစ်ပြီး Free Download ရယူနိုင်ပါတယ်။

4.CV Generator

တကယ်လို့သင်ဟာ CV တစ်ခုအမြန်လိုအပ်နေတယ်ဆိုရင်တော့ ဒီ App လေးဟာအသင့်တော်ဆုံးပါပဲ။ မိမိရဲ့ Facebook နဲ့LinkedIn မှာရှိတဲ့ Information တွေကို Import လုပ်ပြီးအလိုအလျောက်အဓိကကျတဲ့အချက်တွေကိုဖြည့်ပေးမှာဖြစ်ပါတယ်။သူ့မှာပါတဲ့အခြား Tools တွေကလဲ မိမိလုပ်ပြီးသား CV တွေကို သူ့နာမည်နဲ့သူမှတ်ပြီးသိမ်းဆည်းလို့ရမှာဖြစ်ပါတယ် ။ iOS Application ဖြစ်ပါတယ်။သူကတော့ £0.99 နဲ့ Apple Storeကနေတစ်ဆင့်ဝယ်ယူရမှာဖြစ်ပါတယ်

5.CV Builder

CV Builder ကတော့ User တွေအတွက်ခြားနားတဲ့အမျိုးမျိုးသော Format နဲ့Sample တွေကိုအချိန်မရွေးအလွယ်တကူ Check လုပ်နိုင်ပါတယ်။ဒါတင်မကပဲမိမိရဲ့Contact Information, Careerobjective, Experience, Education, Skills နဲ့ Reference Section တွေကိုလဲ အချိန်မရွေး Edit ပြီး Modify လုပ်လို့ရပါတယ်။မိမိရဲ့ CV ရေးပြီးပြီဆိုရင် pdf အနေနဲ့Save လုပ်ပြီး မိမိရဲ့ Email ဆီသို့ပေးပို့နိုင်ပါတယ်။ Free Android App ဖြစ်ပါတယ်။

Recent posts