
Android အတွက် Smart အဖြစ်ဆုံး Voice Changer App များ
16 Dec 2019
အသံတွေကို ပြောင်းပြီးအသုံးပြုကြတယ်ဆိုတာ နည်းနည်းကလေးဆန်သလို ဖြစ်သွားပေမယ့် တချို့သော အကြောင်းအရာတွေကိုပြောကြားတဲ့ အခါမှာ ကိုယ့်ကို လူသိမခံချင်ကိစ္စတွေရှိလာရင်တော့ အသံပြောင်းပြီး ပြောဆိုတတ်ကြပါတယ်။ ဒီလိုကိစ္စတွေကို အကောင်းဆုံး Customize လုပ်နိုင်မယ့် Operating System တစ်ခုကတော့ Android Operating System ဖုန်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ မှာအကောင်းဆုံးနဲ့ Smart အဖြစ်ဆုံး Voice Changer App တွေကို ဖော်ပြပေးသွားချင်ပါတယ်…
ဒီ App ကတော့ Android ဖုန်းတွေအတွက် အသံတွေကို Effect တော်တော်များများနဲ့ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေကို Prank လုပ်ချင်တာပဲ ဖြစ်ဖြစ်၊ ဟာသအနေနဲ့ တစ်စုံတစ်ယောက် စနောက်ချင်တာပဲ ဖြစ်ဖြစ်၊ ဗီဒီယို (ဥပမာ - အကြောင်းအရာတစ်ခုကို ရှင်းပြတာကို ကိုယ့်ရဲ့ ပင်ကိုယ်အသံကို လူမသိစေချင်တာ) အစရှိတဲ့ နေရာတွေမှာ အသံကိုပြောင်းလိုက်ချင်တယ်ဆိုရင် ဒီ App က မိတ်ဆွေအတွက် အထောက်အကူဖြစ်စေမှာပါ။ အသုံးပြုပုံကလည်း ရိုးရှင်းလွယ်ကူတာ ဖြစ်တဲ့အတွက် Voice Record လုပ်တာတွေ Sound Effect ရွေးချယ်တာတွေကို အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Top Rating App တစ်ခုလည်း ဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒီ App ကလည်း Android ဖုန်းတွေအတွက် အသုံးပြုလို့ကောင်းတဲ့ Voice Changer App တစ်ခုဖြစ်ပါတယ်။ သင့်ဖုန်းထဲမှာရှိတဲ့ အသံဖိုင်တွေကို အသုံးပြုလို့ရသလို့ တိုက်ရိုက် Record လုပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ Sound Effect တွေကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Create လုပ်ပြီးသား File တွေကို WhatsApp, Twitter, Facebook, LINE အစရှိတဲ့
Social Platform တွေကိုလည်း Sharing လုပ်နိုင်ပါသေးတယ်။
Robot ဆန်တဲ့အသံတွေ Effect တွေကို စိတ်ဝင်စားတဲ့ သူတစ်ယောက်ဆိုရင်တော့ ဒီ App ကိုစမ်းသပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီ App ထဲမှာပါတဲ့ Sound Effect တွေက Robot Sound Effect (၃၂) မျိုးအထိပါဝင်ပါတယ်။ နောက်ထပ် Smart ဖြစ်တဲ့ Effect Creating Setting တစ်ခုက ကိုယ့်စိတ်တိုင်းကျ Hand Gestureနဲ့ Sound Effect ကိုလည်း ဖန်တီးနိုင်ပါသေးတယ်။
ကဲဒီတော့ မိတ်ဆွေတို့ရဲ့ သူငယ်ချင်းတွေကို စနောက်ချင်တာပဲ ဖြစ်ဖြစ်၊ Video Clip တွေမှာကိုယ့်ရဲ့ ပင်ကိုယ်အသံကို မသုံးချင်တာပဲ ဖြစ်ဖြစ်အစရှိတဲ့ ကိစ္စတွေကို ဒီဖော်ပြပေးခဲ့တဲ့ Voice Changer App တွေက အကောင်းဆုံး အထောက်အပံ့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။