တိုးတက််လာတဲ့ ခေတ်ရေစီးကြောင်းအရ Social Media အသုံးပြုမှုဟာ သိသားထင်ရှားစွာတိုးတက်များပြားလာပါတယ်။ ဒီတော့ Social Media ကိုအသုံးပြုပြီး လုပ်ငန်း လုပ်နေတဲ့ သူတွေအတွက် အကျိုးဖြစ်နိုင်မယ့် အချက်ကလေးအချို့ကိုဖော်ပြပေးပါမယ်…

Product ကိုမှန်ကန်စွာကြော်ငြာပါ

Social Media မှာ Product တစ်ခုဟာအမှန်တကယ်သုံးရတာအဆင်ပြေကောင်းမွန်တယ်ဆိုရင် ပြန့်နှံ့ဖို့အရမ်းလွယ်ကူပါတယ်။ သတိထားရမဲ့အချက်တစ်ချက်ကတော့ သင့် Product ကောင်းတာ၊ ဆိုးတာဆိုတာလည်း ပြန့်နှံ့တာအရမ်းမြန်ပါတယ်။ အထူးသဖြင့် သတင်းဆိုးဟာ သတင်းကောင်းထက်ပြန့်နှံ့မှုပိုမြန်ပါတယ်။

သင့်ရဲ့ Brand ကိုဦးဆောင်ပါ

လူတစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိရင် ရောင်းဝယ်ကြသလိုပဲဒီ Social Media မှာလည်း ကိုယ့်ရဲ့ Brand ဟာ Audience တွေရဲ့ ယုံကြည်မှုရှိနေမှသာ လုပ်ငန်းလုပ်ဆောင်ရန် အဆင်ပြေမှာပါ။ ဒါကြောင့်မို့ သင့်ရဲ့ Brand ကို Social Media ပေါ်မှာ ယုံကြည်မှုရရှိရန်ပြုလုပ်ထားသင့်ပါတယ်။ Audience ဟာ ဒီ Brand ကောင်းတယ်ဆိုရင် သင့်ရဲ့ လုပ်ငန်းကိုစုံစမ်းကျပါလိမ့်မယ်၊ ဒါကြောင့်မို့ သင့်ရဲ့ လုပ်ငန်း (Brand) ဟာ Audience အတွက်ယုံကြည်စိတ်ချမှုရှိစေဖို့အတွက် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

Audience ကိုသင့်ရဲ့ Website ဆီကိုပို့ပေးပါ

Social Media မှာလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် အနည်းဆုံး Website တစ်ခုတော့ရှိထားသင့်ပါတယ်။ Website ရှိထားတယ်ဆိုရင် သင့်ရဲ့ Audience ကို Social Media ကနေတစ်ဆင့် သင့်ရဲ့ လုပ်ငန်းတွေအသေးစိတ်စနစ်တကျပြုလုပ်ထားတဲ့ Website ဆီကို ချိတ်ဆက်ပို့ဆောင်ပေးခြင်းဖြင့် သင့်ရဲ့ လုပ်ငန်းကိုတိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။

အထက်ပါအချက်လေးဟာ Social Media ပေါ်မှာ လုပ်ငန်းလုပ်ဆောင်ခြင်းမှာ သတိထား သင့်တဲ့အခြေခံ အချက်လေးတွေပဲဖြစ်ပါတယ်။

Ref – socialmediatoday

Leave a Reply

social sharing buttons