logo
myanmar
ခိုင်မာတဲ့ Social Media Relationship တစ်ခုဘယ်လိုတည်ဆောက်မလဲ?

ခိုင်မာတဲ့ Social Media Relationship တစ်ခုဘယ်လိုတည်ဆောက်မလဲ?

04 Dec 2018

ယခုတစ်ခေါက် ဖော်ပြပေးမဲ့ အကြောင်းအရာကတော့ Online Marketing နယ်ပယ်တွေမှာ လိုအပ်တဲ့ Social Media Relationship တည်ဆောက်နိုင်ဖို့ အတွက် လိုအပ်မဲ့ Tips လေးတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်…

The Search

သင် Social Media ပေါ်မှာ လုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် ခိုင်မာတဲ့ Social Media Relationship တစ်ခုတော့လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ Social Media လုပ်ငန်းပေါ်က ဈေးကွက်ကို အမှန်တကယ်စိတ်ဝင်စားတဲ့ Audience တွေနဲ့ Relationship တည်ဆောက်ဖို့ ကြိုးပမ်းပါ။ နောက်တစ်ချက် အနေနဲ့ကသင် Target ထားချင်တဲ့ ဈေးကွက်ကို အရင်ဆုံးရှာဖွေလေ့လာဖို့ မမေ့ပါနဲ့။

Visibility

Audience တွေနဲ့လိုက်လျောညီထွေဖြစ်လာအောင် လုပ်ပြီးမှတဆင့် သင့်ရဲ့ Service နဲ့ Product ကိုကြော်ငြာပြီး ခိုင်မာတဲ့ Social Media Relationship ကိုတည်ဆောက်နိုင်ပါတယ်။

The Approach

သင့် Audience တွေနဲ့ Conversation ဟာလိုအပ်တဲ့ အတိုင်းအတာတစ်ခု အထိရောက်ရှိခဲ့ပြီဆိုရင်တော့သင့်လုပ်ငန်းမှာ Audience တွေကဘယ် Service/ Product ကိုပိုပြီး ကြိုက်တယ်၊ ဘယ် Service ဘယ် Product ကတော့ ဘယ်လို လိုအပ်ချက်တွေရှိတယ်ဆိုပြီး သင့်လုပ်ငန်းမှာလိုအပ်နေတဲ့ အချက်တွေကို ချည်းကပ်လေ့လာပြီး Social Media Relationship ကိုတည်ဆောက်ပါ။

Engage

သင့်လုပ်ငန်းအပေါ် မှာ စိတ်ဝင်စားတဲ့ Audience တွေရဲ့ Engagement ကိုရရှိဖို့အတွက်ဆိုရင်တော့ သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Trend တွေကို Update လုပ်ပြီး Audience ဆီကို ချပြပေးဖို့လိုအပ်တယ်။

Consistency

အောင်မြင်မှုရရှိဖို့ အတွက်လုပ်ငန်းတစ်ခုမှာ မည်သည့် Relationship ကိုမဆိုအဆင်ပြေပြေတည်ဆောက် ဖို့ဆိုလျှင် ရှေ့နောက် ကျိုးကြောင်းဆီလျော်ညီညွတ်ဖို့လိုပါတယ်။

အထက်ပါ Tips လေးတွေဟာဆိုရင်တော့ Social Media ပေါ်မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ သင့်လုပ်ငန်းအတွက် ခိုင်မာတဲ့ Social Media Relationship ကိုတည်ဆောက်နိုင်ဖို့ အတွက်လိုအပ်တဲ့ Tips လေးတွေဖြစ်တာကြောင့် မိတ်ဆွေတို့ အတွက် အထောက်အကူူဖြစ်စေမယ်လို့လည်း မျှော်လင့်ပါတယ်။

Ref - wadeharman

Recent posts