ဒီလို Social Media ခေတ်ကြီးထဲမှာ Social Power က ပိုမို ကျယ်ပြန့်လာတာကို တွေ့ရပါတယ်။ ဒီလိုကြီးမားကျယ်ပြန့်လာတဲ့ Social Media ကိုတွဲပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေရဲ့ ရလဒ်တွေကလဲ ကောင်းတဲ့ ရလဒ်တော်တော်များများကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ Marketing နဲ့ပတ်သတ်တဲ့ အရေးကြီး သုံးသပ်ချက်တွေပါ ရှိလာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုရင် Consumer တွေရဲ့ 93% ရာခိုင်နှုန်းက Social Media ပေါ်က Review တွေကို ကြည့်ရှုပြီး သူတို့ရဲ့ ဝယ်ယူမှု ပြုလုပ်နေတာကို တွေ့ရပါတယ်။ အဲ့ဒီ 93% ထဲက Consumer တွေထဲမှာမှ 80% သော Customer တွေက သူတို့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ Suggestion တွေကြောင့် ဝယ်ယူမှုပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။

ဒီလို Social Media ပေါ်မှာ အောင်မြင်မှု ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို သုံးသပ်ကြည့်နိုင်မယ့် အချက်တွေကို ပြောရမယ်ဆိုရင်လည်း အောက်ပါအချက်တွေနဲ့ ကြည့်ရှုနိုင်ပါတယ်…

  • Customer တွေဘက်ယုံကြည်မှု အများအပြား ရရှိလာစေတဲ့ အကြောင်းရင်းကလည်း Social Media ပေါ်မှာ Service နဲ့ Product တွေကို Online Review တွေ Suggestion တွေမှာ တဆင့် ယုံကြည်စိတ်ချစွာ ဝယ်ယူလာကြပါတယ်
  • စားသောက်ဆိုင်လုပ်ငန်းတွေရဲ့ အဓိက အစားအသောက်တွေရဲ့ ရောင်းအားကလည်း Social Media နဲ့တွဲဖက်လုပ်ကိုင်ပြီး ရောင်းချခဲ့ရတဲ့ ရောင်းအားက 20% – 30% ကြားမှာရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်
  • ဟိုတယ်လုပ်ငန်းတွေမှာဆိုရင်လည်း တွဲလုပ်ထားတဲ့ Social Media ကြောင့် ရရှိခဲ့တဲ့ Hotel Booking တွေဟာဆိုရင်လည်း 75% အထိရှိလာခဲ့ပါတယ်
  • Online Recommendation တွေကြောင့် သိရှိလာတဲ့ လူဦးရေ ဟာဆိုရင် 84% အထိရှိလာခဲ့ပါတယ်
  • Online ပေါ်က Opinion Post တွေကြောင့် ရရှိလာတဲ့ Trusted Consumer တွေဟာဆိုရင်လည်း 68% ရှိလာပါတယ်
  • Social Media ပေါ်မှာ Trust Ads တွေဟာလည်း 48% အထိ ရှိလာခဲ့ပါတယ်

ဒီရလဒ်တွေကတော့ Social Media နဲ့ လုပ်ငန်းတွဲလုပ်ခဲ့လို့ ရရှိလာတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆိုရင်လည်း ရလဒ်တွေက ဒီထက်ပိုပြီး များပြားလာနိုင်ဖွယ်ကိုလည်း တွေ့ရပါတယ်။

Leave a Reply

social sharing buttons