logo
myanmar
အမိုက်စား AI Game တစ်ခုကိုထပ်ပြီး Launch လုပ်လိုက်တဲ့ Snapchat

အမိုက်စား AI Game တစ်ခုကိုထပ်ပြီး Launch လုပ်လိုက်တဲ့ Snapchat

02 Jul 2019

ရေပန်းစားနေတဲ့ Social Platform တစ်ခုဖြစ်တဲ့ Snapchat က Snapchat’s User တွေအတွက် Entertainment ကောင်းကောင်းပေးမယ့် Function တွေကို မကြာခန Update တွေထဲမှာ ထည့်ပေးတတ်ပါတယ်။ ပြီးခဲ့တဲ့ Update တုန်းက နာမည်ကြီး စိုက်ပျိုးရေးဂိမ်း တစ်ခုဖြစ်တဲ့ Farm Ville ဂိမ်းကို တီထွင်ခဲ့တဲ့ Zynga က Snapchat မှာ သူငယ်ချင်းတွေ အုပ်စုဖွဲ့ပြီး ကစားနိုင်တဲ့ Fornite နဲ့ သဏ္ဍာန်တူ Shooting ဂိမ်းတစ်ခုကို တီထွင်ခဲ့ပါသေးတယ်။ အဲ့ဒီ Shooting ဂိမ်းထွက်တုန်းက Snapchat’s User တော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ရရှိခဲ့ပါတယ်။

အခုချိန်မှာဆိုရင်လည်း AI နည်းပညာနဲ့ ဖန်တီးထားတဲ့ Bitmoji Tennis ဆိုတဲ့ ဂိမ်းတစ်ခုကို Snapchat မှာ Launch လုပ်ခဲ့ပါတယ်။ ဒီဂိမ်းမှာဆိုရင်တော့ မိမိ စိတ်တိုင်းကျ Bitmoji လေးတွေ ဖန်တီးပြီး ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီ Tennis ဂိမ်းမှာ Solo Mode, Tournament Mode တို့ပါဝင်ပြီး Solo Mode မှာ Train နိုင်ပြီး Tournament Mode မှာဆိုရင်တော့ ပြိုင်ပွဲဝင် အများအပြားနဲ့ ပြိုင်ဆိုင်ပြီး ဆုှဖလား ဆွတ်ခူးရမှာ ဖြစ်ပါတယ်။ Upgrade အနေနဲ့ Racket အသစ်တွေကို ရရှိနိုင်ပါသေးတယ်။ Bigmoji Tennis ဂိမ်းထဲမှာ Character ကို Customization အများကြီးလုပ်နိုင်မယ့် အတွက် ပျော်ဖို့ကောင်းမယ့် Sport Game တစ်မျိုးလို့ ပြောနိုင်ပါတယ်။ ဒီဂိမ်းကို လက်ရှိအချိန်မှာ UK မှာသာကစားနိုင်အုံးမှာဖြစ်ပြီး အခြား Region တွေမှာလဲ မကြာခင်မှာ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

Snapchat ဟာ လူငယ် Audience အများရှိတဲ့ Social Platform တစ်ခုဖြစ်တဲ့ အတွက်၊ လူငယ်တွေကို Target ထားတဲ့ Product တွေအတွက် အကောင်းဆုံး Platform လို့ပြောနိုင်ပါတယ်။ ဂိမ်းတွေကို Snapchat မှာ ထည့်သွင်းလာတာက Audience တွေအတွက် Entertainment ကောင်းကောင်း ဖြစ်စေသလို Business တွေအတွက် အကျိုးအမြတ် အတွက် Advertising လုပ်စရာ နေရာတစ်ခုလဲ ဖြစ်လာပါတယ်။ ဂိမ်းတွေကို Snapchat မှာထည့်သွင်းပေးလာခြင်းကလည်း Audience နဲ့ Marketer တွေအတွက် အကျိုးရှိတဲ့ အချက်လို့လည်း ယူဆလို့ရပါတယ်။

Recent posts