logo
myanmar
အရင်ကဂိမ်းတွေနဲ့ မတူတဲ့ Snapchat ရဲ့ ဂိမ်းအသစ်

အရင်ကဂိမ်းတွေနဲ့ မတူတဲ့ Snapchat ရဲ့ ဂိမ်းအသစ်

08 Jun 2019

Social Media Network တစ်ခုဖြစ်တဲ့ Snapchat မှာဆိုရင် ဂိမ်းသစ်တွေက အမြဲထွက်နေတာကို ဘာလို့တကူးတက ဖော်ပြရတာလဲဆိုရင်တော့...
တချိန်က ခေတ်စားခဲ့တဲ့ Farm Ville ဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Developer Zynga က Snapchat Game Platform မှာကစားနိုင်မယ့် ဂိမ်းတစ်ခုကို တီထွင်လိုက်ပါတယ်။ ဒီ ဂိမ်းလေးနာမည်ကတော့ Tiny Royale လို့အမည်ရတဲ့ Snap Chat Build-In ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားကတော့ Shooting ဂိမ်းဖြစ်ပြီး၊ Fortnite Theme လိုမျိုး စိမ်းစိမ်းစိုစို နဲ့ ဆော့ရတာ အဆင်ပြေစေပါတယ်။


ဒီဂိမ်းက တစ်ယောက်ထဲ ကစားနိုင်သလို သူငယ်ချင်းတွေနဲ့ စုပြီး Group vs Group လည်း တိုက်နိုင်ပါတယ်။ Snapchat game ဖြစ်လို့ Snapchat Platform မှာရှိတဲ့ Friend တွေနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီ Shooting ဂိမ်းလေးက Snapchat မှာရှိတဲ့ ဂိမ်းတွေထက်အများကြီး ပိုပြီးဆော့လို့ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒီဂိမ်းမှာ အနိုင်ရတဲ့သူက ဆုတံဆိပ်၊ ဆုဖလား တွေရရှိမှာဖြစ်ပြီး Friend List မှာ Rank တွေပြနေမှာ ဖြစ်ပါတယ်။ ဒီ ဂိမ်းက လူငယ် Audience တွေကို ပိုမိုစွဲဆောင်လာနိုင်ပြီး Engagement ပိုရလာစေမယ့် Snapchat ရဲ့ Update လို့လည်း ပြောနိုင်ပါတယ်။

Recent posts