10 May 2020
ယခုလို Covid 19 ကာလမှာ Business တော်တော်များများက Digital Marketing အကူအညီတွေနဲ့လုပ်ကိုင်နေကြပါတယ်။ ဒါကြောင့်မို့ Social Distancing မှာအထောက်အကူဖြစ်စေမယ့် Toolအချို့ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်...
Business နယ်ပယ်မှာ ပါဝင်တဲ့ Digital Marketing ဆိုတာအချိန်ပေးပြီးလုပ်ဆောင်ရတဲ့ Marketing နည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့လုပ်ငန်းတွေကိုချောချောမွေ့မွေ့ပြီးမြောက်ပြီးစွမ်းဆောင်ရည်တွေ တိုးတက်လာဖို့အတွက် နည်းလမ်းတွေရှိပါတယ်။ Marketing နဲ့ Business Manager အတွက်ချိန်ကုန် သက်သာပြီးလုပ်ဆောင်စရာတွေကိုအလွယ်တကူတစ်ပေါင်းတစ်စည်းတည်းဖြစ်စေရန်ကူညီပေးမဲ့ Digital Tools တွေကိုဖော်ပြပေးလိုပါတယ်။ အခုဖော်ပြမဲ့ Tools တွေကသင့်ရဲ့နေ့စဉ်တာ ဝန်တွေကိုတစ်နေ့ထက်တစ်နေ့ပိုမိုတိုးတက်လာအောင်ကူညီပေးပါလိမ့်မယ်။
1. Newton
ဒီ Application လေးကတော့သင့်ရဲ့ Client Email တွေကိုတစ်နေရာထဲတစ်စု တစ်စည်းထဲထည့်သွင်းပေး ပါတယ်။ သင့်ရဲ့ Email ကိုဖတ်ပြီးမပြီးကိုလည်းခြေရာခံလို့ရပါသေးတယ်။
2 .Slack
ဒီ Application လေးကတော့ Company တို့ Organization လိုမျိုးတွေအတွက်အဆင်ပြေလွယ်ကူစေမဲ့ app တစ်ခုပါ။ သင့်ရဲ့ Message တွေ File တွေကိုတစ်ဦးချင်းစီ ဒါမှမဟုတ် Group လိုက်ပေးပို့လို့ရပြီး အသုံးပြုရတာလွယ်ကူစေပါတယ်။
3. Grammarly
သင့်ရဲ့ Client တွေ လုပ်ဖော်ကိုင်ဖက်တွေကိုပေးပို့မဲ့ Email, Message, Document မှာရေးသားထားတဲ့ grammar တွေကို ပြီးပြည့်စုံအောင် စစ်ဆေးပေးမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ Application ပါပဲ။
4. Cisco Spark
သင့်ဟာတစ်နေ့တာမှာ Meeting များစွာကိုဦးဆောင်ရသူဆိုရင်တော့ဒီ Application ဟာအဖော်မွန်ပါပဲ။ မနက်တိုင်းမှာသင်ရဲ့ Meeting နဲ့ပက်သက်တဲ့ Information တွေကို Message ပေးပို့ပေးမှာဖြစ်ပါတယ်။
6. Pocket
ဒီ Application ကတော့သင်မဖတ်ရသေးတဲ့ Article တွေကို Save လုပ်ပေးနိုင်ပါတယ်။ သူ့ရဲ့ထူးခြား တဲ့အချက်ကတော့ အလိုအလျောက်အသံထွက်ပြီး ဖတ်ပြနိုင်တာပါ။ဥပမာ - သင် ကားမောင်းနေ စဉ်ဖတ်ပြတာမျိုးပါ။
7. Stay Focused
သင့်အတွက် အသုံးမလိုတဲ့ Website တွေ Subdomain တွေကို Block လုပ်လို့ရတဲ့ Application ပါ။ ဘယ် Site ပေါ်မှာအချိန်ဘယ်လောက်ကုန်ဆုံးမယ်ဆိုပြီးလည်း Limit လုပ်လို့ရပါသေးတယ်။
ယခုဖော်ပြခဲ့တဲ့ Tools လေးတွေက သင့်အတွက် လုပ်ငန်းခွင်မှာ အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်
ပါတယ်။