
Social Media ဆိုတာသင့်ရဲ့ Brand ကို Customer တွေနဲ့ရိုးရှင်းစွာဆက်သွယ်ပေးတဲ့ Marketing Channel ဖြစ်ပြီး လက်ရှိ Marketing နည်းလမ်းတွေထဲမှာတော့ ရိုးရိုးရှင်းရှင်းနဲ့ထိရောက်တဲ့ နည်းလမ်း တစ်ခုပဲဖြစ်ပါတယ်။ Social Media ကနေတစ်ဆင့် Customer တွေကိုသင့်ရဲ့ Product Or Serviceရဲ့ Information တွေကိုဖော်ပြနိုင်ခြင်း၊ Customer တွေရဲ့တုံ့ပြန်ချက်တွေအကြံပေးချက်တွေကို နားထောင် နိုင်ပြီး ထိုမှတစ်ဆင့် Customer Relationships ကိုတည်ဆောက်နိုင်ခြင်းစတဲ့အချက်တွေကြောင့် Social Media Marketing ဟာထိရောက်တဲ့နည်းလမ်းလို့ဆိုတာပါ။ အဲ့သလိုထိရောက်တဲ့ Social Media Marketing ဟာလွယ်ကူပါသလား ဆိုရင်တော့မလွယ်ကူပါဘူးခင်ဗျာ။ Social Media Marketing ကိုအသုံးချတော့မယ်ဆို အောက်ပါအချက်တွေကိုဂရုစိုက်ရပါမယ်။
ကိုယ်ပေးချင်တဲ့ Message ကိုမှန်မှန်ကန်ကန်ပေးရပါမယ်။ သင်ရဲ့ Audience တွေရဲ့အာရုံစိုက်မှုကို ရချင်တယ်ဆိုရင် Information အမှန်ကိုပေးရပါမယ်။ တန်ဖိုးရှိတဲ့ မှတ်သားစရာကောင်းတဲ့ Content တွေရေးသားရပါမယ်။ သင်ပေးချင်တဲ့ Message ဟာ Audience တွေသိလိုတဲ့ အကြောင်းအရာမျိုးဖြ စ်နေရပါမယ်။ ကိုယ့်ရဲ့ Audience တွေရဲ့ပြသနာတွေကိုအဆင်မပြေမှုတွေကိုဖြေရှင်းပေး နိုင်ရပါမယ်။ Content ရေးသားရာမှာလည်း ဂရုတစိုက်နဲ့ ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်ရောက်အောင်ရေးသားတ တ်ဖို့လိုပါတယ်။
ကိုယ့်ပေးချင်တဲ့ Message ကို စစ်မှန်တဲ့ Audience တွေဆီရောက်အောင်ပေးပို့နိုင်ရပါမယ်။ Social Media ဆိုတာတစ်ခြား Marketing Channel တွေလို လူအများဆီမြင်အောင်တစ်ခါထဲလုပ်နိုင်တဲ့ Channel တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Target Audience တွေဆီကိုယ်ပေးချင်တဲ့ Message ရောက်အောင် Hashtag တွေ Ads စတာတွေနဲ့ စနစ်တကျ Run မှသာ စစ်မှန်တဲ့ Audience ကိုရရှိစေမှာပါ။
မှန်ကန်တဲ့ Social Media Platform ပေါ်မှာအသုံးချတတ်ဖို့လည်းလိုပါတယ်။ ယနေ့ခေတ် Social Media Platform တွေအများအပြားထဲမှာမှ ကိုယ့်ရဲ့ Product ဒါမှမဟုတ် Service နဲ့ကိုက်ညီမယ့် Audience တွေရှိနိုင်မဲ့ Result အကောင်းဆုံးရနိုင်မယ့် Platform ကိုလဲရွေးချယ်ဖို့လိုပါတယ်။
Social Media Marketing ကိုအသုံးပြုတော့မယ်ဆိုအချိန်တိကျဖို့လိုပါတယ်။သင့်ရဲ့ Pages ဒါမှမဟုတ် Account ဟာ Customer တွေရဲ့ Reply တွေ Feedback တွေကို တုန့်ပြန်ဖို့အမြဲအ ဆင်သင့်ဖြစ်နေရပါ မယ်။ Customer အများစုဟာ Comment Reply တွေ Message Reply တွေမှာစောင့်စိုင်းရတာကို မနှစ် သက်ကျပါဘူး။ သင်နဲ့လုပ်ငန်းတူတွေနဲ့ယှဉ်ရာမှာကိုယ့်ရဲ့ Customer တွေသူများဆီမရောက်သွားစေရန် ကြံ့ကြာမှုမရှိစေရန်လိုအပ်ပါတယ်။ 70% သော User တွေဟာ Social Media ပေါ်မှာသူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာအပေါ်မှာ တစ်နာရီအတွင်းအကြောင်းပြန်တာကိုလိုလားကြပါတယ်။
ဒါကြောင့် Social Media Marketing ဆိုတာရိုးရှင်းတဲ့ Marketing နည်းလမ်းပေမဲ့ ထင်သလောက်မလွယ် ကူပါဘူး။
Ref – onlinemarketinginstitute