စီးပွားရေးလုပ်ငန်းတွေကို ပိုမိုတိုးချဲ့ လုပ်ကိုင်ချင်တယ်ဆိုရင် Traditional Marketing နည်းလမ်း နဲ့ပဲမလုပ်ကိုင်ပဲ Digital Marketing နည်းလမ်းတွေကို ပါအသုံးပြုကြည့်ဖို့ အကြံပြုပါရစေ။ လူသုံးများလာတဲ့ Digital Marketing နယ်ပယ်ထဲက အသုံးများလာတဲ့ Marketing နည်းလမ်းတစ်မျိုးနဲ့ တွဲပြီးသုံးနိုင်တဲ့ Tip အချို့ကို ဝေမျှသွားချင်ပါတယ်။

Social Media Marketing ယခုအချိန်ကာလမှာ ဆိုရင်တော်တော်များများ အသုံးပြုလာကြတာကိုတွေ့ကြရမှာပါ။ Facebook, Instagram, Twitter, Snapchat အစရှိတဲ့ Social Media Network တွေမှာလည်း စီးပွားရေလုပ်ငန်းတွေ ကိုချိတ်ဆက် လုပ်ကိုင်နေကျတာလည်း အများအပြားရှိလာပါပြီ။ ယခုတစ်ခေါက် ဖော်ပြပေးသွားမဲ့ အကြောင်းအရာကတော့ Instagram မှာ စီးပွားရေးလုပ်ငန်းတွေကို ချိန်ဆက်လုပ်ကိုင်နေ ကျတဲ့ အခါမှာ ပိုမို ထိရောက်တဲ့ ရလဒ်တွေကိုရရှိနိုင်မဲ့ Instagram Highlight Tip အချို့ကို ဖော်ပြပေးသွား မှာပဲဖြစ်ပါတယ်…

Product Collection
သင့် လုပ်ငန်းမှ Product အသစ်တစ်ခုကို Launch လုပ်တော့မယ်အချိန်မှာဆိုရင် သင့် Follower တွေဆီကို Stories ကနေဆင့် အသိပေးဖို့ လိုအပ်ပါတယ်။ ဥပမာ – သင့်ရဲ့ လုပ်ငန်းဟာ လက်သည်းနီ ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းဆိုရင် သင့် Instagram Stories မှာ Holiday Collection ဆိုပြီး Product ကိုတင်နိုင်ပါတယ်။ Instagram User တွေထဲမှာမှ လက်သည်းနီ ကိုစိတ်ဝင်စားတဲ့ Audience တွေဟာ သင့် လုပ်ငန်းကို ပိုမိုစိတ်ဝင်လာမှာဖြစ်ပြီး User အချင်းချင်းပါ ပြန်လည် ဝေမျှတဲ့ အဆင့်ထိပါရောက်သွားနိုင်ပါတယ်။

Using Countdowns Feature
ယခုအချိန်မှာတော့ Instagram User တွေအနေနဲ့ Instagram’s Stories မှာ Creative ဖြစ်တဲ့ Countdowns Sticker လေးတွေကို အသုံးပြုနိုင်ပါပြီ။ Marketer တွေအတွက်လည်း Product Launch
ပဲဖြစ်ဖြစ် Event တွေပဲဖြစ်ဖြစ် Countdown လုပ်ထားနိုင်တဲ့ အတွက် Audience ရဲ့ စိတ်ဝင်စားမှုကို
ကြေညာမှု ပုံစံအသစ်နဲ့ ရရှိနိုင်ပါတယ်။ Ecommerce Retailer တွေအနေနဲ့လည်း ဒီ Feature လေးကို
သုံးပြီး Limited-offer တွေ Promotion တွေကို Countdown လုပ်ထားနိုင်ပါသေးတယ်။ ဒီ Tip လေး
ဟာလည်း သင့်လုပ်ငန်းအတွက် ထိရောက်စေမယ့် အချက်လေးတွေထဲက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။

Asking Question
ဒီ တစ်ချက် အနေနဲ့ Instagram’s Live တွေမှာ Question Sticker ကိုသုံးပြီး Follower တွေရဲ့ မေးခွန်း
တွေကို Real Time မှာ ဖြေပေးလို့ ရမှာဖြစ်တဲ့ အတွက် Audience နဲ့ ထိတွေ့နိုင်မှာဖြစ်ပြီး ပိုမိုခိုင်မာတဲ့
Relationship တစ်ခုကိုဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်။ ဥပမာ- သင့် Product ရဲ့ အသုံးပြုပုံကို Instagram’s Live မှာ Question Sticker နဲ့ လွှင့်နေမယ်ဆိုရင် Audience တွေမေးတဲ့ မေးခွန်းကို လွယ်လွယ်ကူကူမြင်ပြီး ချက်ချင်း အဖြေပြန်ပေးနိုင်မှာဖြစ်တဲ့ အတွက် တော်တော်လေးကို Effective ဖြစ်ပြီး Engagement လည်း ပိုမိုရရှိလာစေနိုင်တဲ့ အချက်တစ်ချက်လို့ ပြောနိုင်ပါတယ်။

အထက်ပါအချက်တွေက Social Media Marketing မှာ သင့်အတွက် အသုံးဝင်မဲ့ Instagram Tip တွေဖြစ်
ပြီး Social Media Marketing ပိုင်းမှာပါ တွဲဖက်အသုံးပြုသွားနိုင်မယ့် Tip တွေပဲ ဖြစ်ပါတယ်။

Leave a Reply

social sharing buttons