ယနေ့ခေတ်မှာ Social Media Marketing ဟာစီးပွားရေးလုပ်ငန်းတွေအတွက် ထိပ်ဆုံးကရပ်တည်နေတဲ့ Marketing ဗျူဟာတခုပဲဖြစ်ပါတယ်။လု ပ်ငန်းရှင်တွေရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ် ဝန်ဆောင်မှုစတာတွေကို လိုချင်တဲ့ဈေးကွက်သို့ရောက်ရှိပြီး Customerတွေနဲ့လိုက်လျောညီထွေဖြစ်အောင်ဆက်ဆံနိုင်ရန်၊ ထုတ်ကုန်နှင့်ဝန်ဆောင်မှုတွေကိုမြှင့်တင်နိုင်ရန်အတွက် Social Media Marketing ဟာမရှိမဖြစ်လိုအပ်နေပါပြီ။ ဒါပေမဲ့လည်းသင့်ရဲ့ Social Media Marketing နဲ့ပက်သက်ပြီးနှောင့်နှေးစေမဲ့ မှားယွင်းနေတဲ့ အတွေးအခေါ်တွေ ရှိနေပါသေးတယ်။

Likes & Followers အပေါ်အလွန်အကျွန်ဂရုစိုက်ခြင်း
အချို့သော လုပ်ငန်းရှင်တွေဟာ သူတို့လုပ်ငန်းရဲ့ Social Media Account တွေမှာ Like နဲ့ Follower များဖို့အဓိကလိုအပ်တယ်ထင်ပြီး အလွန်အကျွန်ဂရုစိုက်လေ့ရှိပါတယ်။တကယ်တော့ Like တွေ Follower တွေရတိုင်း Customer အသစ်တွေတိုးလာတာမဟုတ်ပါဘူး။ အဲ့ဒီ Follower တွေဟာသင့်ရဲ့ Brand အပေါ်စိတ်ဝင်စားတယ်လို့တသမတ်တည်းမှတ်လို့မရနိုင်ပါဘူး။ တကယ်လိုအပ်တာက Engagement ကိုအာရုံစိုက်ဖို့လိုအပ်တာပါ။ သင့်ရဲ့ Like တွေ Follower တွေဟာသင့်ရဲ့ Content အပေါ်ယုံကြည်မှု စိတ်ဝင်စားမှု စတာတွေကိုရရှိဖို့အရင်တည်ဆောက်ဖို့လိုတာပါ။ “Quality Over Quantity” ဆိုတဲ့အတိုင်း အရည်အသွေးဟာအရေအတွက်ထက်ပိုအရေးကြီးပါတယ်။

Social Media ဆိုတာအခမဲ့လို့ယုံကြည်နေခြင်း
Facebook, Twitter, Instagramစတာတွေမှာ account ဖွင့်တာ sign up လုပ်ပြီး post တင်တာတွေဟာ Free ဆိုပေမဲ့ Social Media Marketing ဆိုတာ အခမဲ့ လွယ်လွယ်ကူကူလုပ်ယူလို့မရပါဘူး။ Social Media Marketing ကိုအသုံးချတော့မယ်ဆိုလျင် သင့်ရဲ့အချိန်ကိုရင်းနှီးမြှုပ်နှံရပါလိမ့်မယ်။ သင့်ရဲအချိန်တွေကို Research, Effort, Refinement စတာတွေအတွက်အသုံးချရပါမယ်။ ကိုယ့်ရဲ့ Social Media Campaign အတွက် Customer တွေရဲ့အာရုံစူးစိုက်မှုရရှိအောင် ကြိုးစားအားထုတ်ဖို့အတွက် အချိန်တွေအများကြီးလိုအပ်ပါတယ်။

Social Media Platform တိုင်းမှာ Active ဖြစ်ဖို့လိုအပ်တယ်လို့တွေးခြင်း
သင့်ရဲ့ Business အတွက် Social Media Account တိုင်းမှာ Active ဖြစ်ဖို့ကြိုးစားနေခြင်းဟာ တစ်ခါတစ်ရံမှာ အချိန်ကုန်လူပမ်းဖြစ်တတ်ပါတယ်။ သင့်ရဲ့ Target Audience တွေ ဆီကိုရောက်ဖို့အတွက် သင့်မှာရှိသမျှ Account တွေတိုင်းကိုလိုက်ပြီး Manage လုပ်ဖို့အချိန်တွေကုန်ဆုံးနေတာဟာအချည်းအနှီးပါပဲ။ ကိုယ့်အတွက်အကောင်းဆုံး Result ရရှိတဲ့ Platform ကိုရွေးချယ်အချိန်ပေးပြီး Manage လုပ်ပါ။

Audience တွေအလိုအလျောက်ရလာမယ်ဟုတွေးခြင်း
ဆွဲဆောင်မှုရှိတဲ့ Contentကောင်းကောင်းရေးပြီးကြော်ညာတာဟာစစ်မှန်တဲ့ Audience တွေအလိုအလျောက်ရလာမယ်ဆိုပေမဲ့ ဒီအချက်ဟာလဲအလုံးစုံတော့မမှန်ကန်ပါဘူး။ တစ်ခါတစ်ရံ မှာသင့်ရဲ့ Content ကို Promote လုပ်ဖို့လဲလိုအပ်ပါတယ်။ တစ်ခါတစ်ရံသင့်ရဲ့ Content ကို Audience တွေမြင်အောင် Boost လုပ်တာမျိုးတွေလည်းလိုအပ်ပါတယ်။

ဒါကြောင့် Social Media Marketing ဟာ ကုန်ကျစရိတ်သက်သာပြီး Audience တွေနဲ့ဆက်သွယ်ဖို့အကောင်းဆုံးအထိရောက်ဆုံးနည်းလမ်းဆိုပေမဲ့ လွဲမှားနေတဲ့ရှောင်ရှားသင့်တဲ့အချက်တွေကိုရှောင်ရှားပြီး အကျိုးရှိရှိအသုံးချနိုင်မှသာ သင်လိုချင်တဲ့ရည်ရွယ်ချက်ကိုရောက်ရှိပါလိမ့်မယ်။ လွယ်ကူတယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့ ထိထိရောက်ရောက်အသုံးချနိုင်ဖို့တော့ခက်ခဲပါလိမ့်မယ်။

Leave a Reply

social sharing buttons