နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်လာတဲ့အခါမှာ နယ်ပယ်မျိုးစုံကနေ Strategy မျိုးစုံနဲ့ လုပ်ကိုင်လာကျပါတယ်။ Social Media Marketing ကိုအများအပြားဦးစားပေးပြီး လုပ်ငန်းလုပ်ကိုင်လာကျတာကိုလည်းတွေရပါတယ်။ Social Media Marketing နယ်ပယ်မှာဆိုရင် Content Marketing, Video Marketing အစရှိတဲ့ Marketing Strategy တွေကိုအသုံးပြုလာကျပါတယ်။ ယခုတစ်ခေါက်ဖော်ပြပေးမှာကတော့ Social Media Marketing နယ်ပယ်မှာ အသုံးပြုနိုင်မဲ့ Social Video Making Tools လေးအချို့ကိုဖော်ပြပေးသွား မှာဖြစ်ပါတယ်…
ဒီ Adobe Spark ဆိုတဲ့ Tools လေးကတော့ သင့်ရဲ့ Video တွေကို အကောင်းဆုံးနည်းလမ်းနဲ့ Sharing လုပ်နိုင်မဲ့ Tools လေးတစ်ခုလို့လည်းပြောလို့ရပါသေးတယ်။ Website နဲ့ Mobile User တွေအတွက်လည်း Video လေးတွေစိတ်ကြိုက်ဖန်တီးပြီး အသုံးပြုလို့ရနိုင်သလို Visual Content တွေအနေနဲ့လည်း Sharing လုပ်နိုင်တဲ့အတွက် ကိုယ့်ဆီမှာ Creation ရှိသလိုဖန်တီးနိုင်တဲ့ Tools ကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်။
Animaker ဆိုတဲ့ Tools လေးကတော့ Animation လေးတွေကိုဖန်တီးနိုင်မဲ့ Software လေးတစ်ခုဖြစ်သလို Online ကနေလည်း Animation လေးတွေကိုစိတ်ကြိုက်ဖန်း တီးနိုင်မှာဖြစ်ပါ တယ်။ Free Software လေးတစ်ခုဆိုတော့ အခြေခံ Animation လေးတွေကိုသာလေ့ကျင့် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ Feature အစုံအလင်နဲ့ Animation လေးတွေကိုဖန်တီး ချင်တယ်ဆိုရင်တော့ လစဉ်(သို့) နှစ်စဉ် Payment သွင်းပြီးအသုံးပြုနိုင်ပါတယ်။ High End Graphic လေးတွေအများအပြားပါတဲ့ Animation Software လို့လည်းပြောလို့ရပါတယ်။
ဒီ Tools လေးကတော့ သင့်အတွက် Stories Sharing ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Video လေးတွေ နဲ့အတူဖန်းတီးနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ဒီ Tools လေးနဲ့ Video လေးတွေဖန်တီးနိုင်သလို Slideshow လေးတွေကို လွယ်ကူစွာဖန်တီးနိုင်ပါတယ်။ သင့်မှာရှိပြီး သား Image တွေ Video တွေနဲ့ Music တွေကိုပါ အဆင်သင့်သလို Upload လုပ်ပြီး Video အသစ်လေးတွေဖန်တီးလို့ရပါတယ်။ Video လုပ်ကိုင်ဖို့အတွက်ကတော့လွယ်ကူပါတယ် Hint အနေနဲ့ “ Create Button” ပါဝင်တဲ့အတွက် သင့်အတွက်ခက်ခက်ခဲခဲရှာဖွေစရာမလိုတော့ပဲ လွယ်လွယ်ကကူကူဖန်တီးနိုင်မှာဖြစ်တဲ့အတွက် သင့်ကိုအကောင်းဆုံးထောက်ပံ့ပေးနိုင် Tools လေးတစ်ခုဖြစ်ပါတယ်။
ဒီ Tools လေးကလဲ Animation Video လေးတွေကိုဖန်းတီးနိုင်မဲ့ Free Tools လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီ Tools လေးထဲမှာ တော်ကြီးမားတဲ့ Library တစ်ခုလိုပဲ Resource အများအပြားနဲ့ Pre–Build Template တော်တော်များများကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Tools လေးကတော့ တော်တော်လေးအသုံးပြုရတာအဆင်ပြေချောမွေ့စေပြီး၊ အဆင်ပြေချောမွေ့စေတဲ့ အချက်ကတော့ လိုအပ်တာတွေကို Download လုပ်ရတာတွေ Set – Up လုပ်ရတာတွေ အစရှိတဲ့ အချက်တွေကိုလုပ်စရာမလိုတဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ သူ့မှာပါတဲ့ Feature တွေမှာမှ ပိုမိုကောင်းမွန်တဲ့ Feature တွေကိုအသုံးပြုချင်တယ်ဆိုရင်တော့ Payment ပေးပြီးလည်းအရည်အသွေးမြင့်မားတဲ့ Video တွေကိုလည်းဖန်တီးနိုင်အုံးမှာဖြစ်ပါတယ်။
အထက်ပါဖော်ပြထားတဲ့ Tools တွေက Social Media Marketing မှာလိုအပ်တဲ့ Video Marketing Strategy တွေအတွက် အသုံးပြုရအဆင်ပြေစေမဲ့ Tools လေးအချို့ကိုဖော်ပြပေးထားခြင်းဖြစ်ပါသည်။ နောက်ထပ်သုံးရတာအဆင်ပြေစေမဲ့ Tools လေးတွေလည်းအများအပြားရှိပါသေးတယ်။
Ref – medium